Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲတွင် လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်းများကို ဆွေးနွေး

အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲတွင် လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်းများကို ဆွေးနွေး

ABN-နွယ်စိုး

သြဂုတ် ၁၉ ရက်

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol တို့သည် မြောက်ကိုးရီးယားနှင့် တရုတ်၏ ခြိမ်းခြောက်ခြင်းများကို ဟန့်တားရန် နိုင်ငံတကာ သံတမန်ရေး ကြိုးပမ်းမှု သမိုင်းဝင် ထိပ်သီးညီလာခံအဖြစ် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က Camp David သမ္မတအပမ်းဖြေစခန်းတွင် တွေ့ဆုံနေကြကြောင်း APသတင်း၌ ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲတွင် လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည်ဟု သမ္မတဘိုင်ဒန်က ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြေားကြားခဲ့သည်။

“ဒီကနေ့ထူးခြားတာက ကျနော်တို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား တရားဝင်အပြောင်းအလဲတွေ ဖြစ်စေမယ့်လုပ်ဆောင်ချက်တွေ အများအပြားလုပ်ဆောင်နိုင်ခဲ့တယ်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွားရေး၊ နည်းပညာ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မယ့်အပြင် အကြံဉာဏ်ယူလုပ်ဆောင်ပြီး ပါဝင်လုပ်ဆောင်သွားမယ်” ဟုလည်း ပြောဆိုခဲ့သည်။

ထို့အပြင် ၃ နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းထားရှိပြီး အန္တရာယ်ခြိမ်းခြောက်မှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးများကို ဆွေးနွေး

မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ခေါင်းဆောင် ၃ ဦး၏ ပူးတွဲကြေညာချက်ထဲ၌ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုးရီးယား ၃ နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ ဒေသတလွှား ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးများ တိုးတက်လာစေရန်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် ပစိဖိတ်ဒေသအတွင်း ခြိမ်းခြောက်မှု သို့မဟုတ် လုံခြုံရေးဆိုင်ရာပြဿနာတခုခု ဖြစ်လာခဲ့လျှင် ၃ နိုင်ငံကြား တိုင်ပင်ဆွေးနွေးမည့်ဝတ္တရားရှိကြောင်းလည်း သဘောတူညီချက်တစ်ရပ်ချမှတ်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ