Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်မှ ယူကရိန်းအတွက်၂.၁ ဘီလီယံ စစ်ရေးအကူအညီပေး

အမေရိကန်မှ ယူကရိန်းအတွက်၂.၁ ဘီလီယံ စစ်ရေးအကူအညီပေး

ABN-နွယ်စိုး

ဇွန် ၁၀ရက်

ရုရှားကို ခုခံစစ် ဆင်နွှဲနေသော ယူကရိန်းအတွက် အရေးပါသည့် လေကြောင်းကာကွယ်ရေး အကူအညီနှင့် လက်နက် ခဲယမ်းမီးကျောက်များ ပါဝင်သော အကူအညီ နောက်ထပ် ၂.၁ ဘီလီယံ အမေရိကန်ကပေးမည် ဖြစ်ကြောင်း ပင်တာဂွန် စစ်ဌာနချုပ်မှ သောကြာနေ့က ကြေညာလိုက်သည်။

ထိုအထဲတွင် HAWK လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် မစ်ဇိုင်းဒုံးများ၊ ၁၀၅ နှင့် ၂၀၃ မမ ကျည်များ၊ မောင်းသူမဲ့ယာဉ်များ၊ လေဆာနှင့်ချိန်ပစ်သည့် ရော့ကက်စနစ်သုံးပစ္စည်းများ ပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ခဲ့သည့်အချိန်မှစကာ ယူကရိန်းလုံခြုံရေးဆိုင်ရာအတွက် အမေရိကန်က ဒေါ်လာ ၄၀.၄ ဘီလီယံကျော် ကူညီမည်ဖြစ်ကြောင်း အမေရိကန်က သန္နိဌာန်ချထားကြောင်းကာကွယ်ရေးဌာနက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှစပြီး ဘိုင်ဒန်အစိုးရအဖွဲ့နှင့် အမေရိကန်လွှတ်တော်များက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ငွေကြေးနှင့်စစ်ရေးအကူညီများအတွက် ဒေါ်လာ ၇၅ ဘီလီယံကျော် ချထားပေးခဲ့သည်။

အဆိုပါ စစ်ရေးအကူအညီပေးခြင်းသည် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း သမ္မတ Truman အစိုးရအဖွဲ့ လက်ထက်ကနေစပြီး ဥရောပဒေသတွင်း နိုင်ငံတစ်နိုင်ငံကို အမေရိကန်က ပထမအကြိမ်အဖြစ် အများဆုံး နိုင်ငံရပ်ခြား အကူအညီချထားပေးခြင်း ဖြစ်ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ယူကရိန်း၏ Kakhovka ရေကာတာ ပျက်စီးမှုကြောင့် ယူကရိန်းဒေသခံ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပြီး ဒေသခံများ သောက်သုံးရေ မရပဲ ဖြစ်နေကြောင်း သိရသည်။

နယ်သာလန်အစိုးရအနေဖြင့် ယူကရိန်းအတွက် ရေစုပ်စက်များ တပ်ဆင်ပေးနေ၍ အရေးပေါ်အကူအညီများ ပေးနိုင်ရန် အသက်ကယ်လှေများ ပို့ပေးနေသည်ဟု ကန်ဝန်ကြီးချုပ် Mark Rutte က သောကြာနေ့တွင်ပြောကြားခဲ့သည်။

လက်ရှိမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးရသူ အနည်းဆုံး ၁၄ ဦး ရှိနေပြီး၊ သောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ