Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၍ လက်ရှိသေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိ၊ မြို့တစ်မြို့ပျက်စီး

အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၍ လက်ရှိသေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိ၊ မြို့တစ်မြို့ပျက်စီး

ABN-မေအိအိအောင်

အမေရိကန်နိုင်ငံ၊ မစ္စစ္စ္စပီပြည်နယ်တွင် လေဆင်နှာမောင်း ၁၁ ကြိမ်တိုက်ခတ်ခဲ့ပြီး လက်ရှိသေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိကြောင်း သိရသည်။

လေဆင်နှာမောင်းသည် အမေရိကန်နိုင်ငံ မစ္စ္စစ္စပီပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့်အနည်းဆုံး လူ ၂၆ ဦးသေဆုံးကြောင်း အစိုးရတာဝန်ရှိသူများက ယမန်နေ့ မတ်လ ၂၅ ရက်နေ့က ပြောသည်။

အင်အားပြင်း လေဆင်နှာမောင်းသည် မစ္စစ္စပီပြည်နယ်ရှိ ရိုင်းလင်ဖော့ခ်၊ ဆလင်ဗာမြို့၊ ဟမ်းဖရဇ် ကောင်တီ၊ ကရိုကောင်တီ နှင့် မွန်ရိုး ကောင်တီတို့တွင် ၂၀၂၃ မတ်လ ၂၄ ရက် ညနေပိုင်းတွင် တစ်နာရီလျှင် မိုင် ၅၀နှုန်းဖြင့် တိုက်ခတ်ခဲ့ကြောင်း မိုးလေဝါသ ဌာနကပြောသည်။

လေဆင်နှာမောင်းဒဏ်ကြောင့် လူဦးရေ ၂၀၀ ရှိသည့် ဆလင်ဗာမြို့မှ ၄ ဦး၊ လူဦးရေ ၁၇၀၀ ရှိသည့် ရိုင်းလင်ဖောခ့်မှ ၁၄ ဦး၊ မွန်ရိုး ကောင်တီမှ ၂ ဦး၊ ဟမ်းဖရစ် ကောင်တီမှ ၃ ဦး နှင့် ကာရို ကောင်တီမှ ၃ ဦး စုစုပေါင်း ၂၆ ဦးသေဆုံးခဲ့သည်။

အထက်ပါ မြို့များအနက် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ ၁၇၀၀ ရှိသော ရိုင်းလင်ဖောခ့် မြို့မှာ ပျက်စီးသွားကြောင်း ယင်းမြို့၏ မြို့တော်ဝန် အဲ့ဒရစ်ဝါလ်ကာ ကပြောသည်။

လက်ရှိတွင် မုန်တိုင်းတိုက်ခတ်ခဲ့သောနေရာများ၊ အပျက်အစီးများအကြား အသက်ရှင်ကျန်ရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြောင်းနှင့် မုန်းတိုင်းဒဏ်ကြောင့် သေဆုံးသူ မြင့်တက်လာနိုင်ကြောင်း မစ္စစ္စပီပြည်နယ်အရေး စီမံခန့်ခွဲသည့် ဌာနများကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ