Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိ

ABN-နွယ်စိုး

ဇွန် ၁၈ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် သံတမန်ရေးအရ အဆက်မပြတ် အဆက်သွယ်ရှိနေရန် လိုအပ်သည့်အကြောင်းကို အဓိကဆွေးနွေးရန် ယနေ့ ဇွန်လ ၁၈ ရက်နေ့ အစောပိုင်းတွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိနေကြောင်း APသတင်းတွင် ဖော်ပြထားသည်။

တင်းမှာမှုဖြစ်ပွားနေသည့် နှစ်နိုင်ငံကြား ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဝန်ကြီး အန်တိုနီ ဘလင်ကင်သည် ၂၀၂၁ ခုနှစ် ဂျိုးဘိုင်ဒင် သမ္မတ တာဝန်ထမ်းဆောင်ချိန်မှစက ၅ နှစ်တာအတွင်း အမေရိကန်အစိုးရ၏ ထိပ်တန်းအရာရှိတစ်ဦးလည်းဖြစ်သလို အဆင့်မြင့် အမေရိကန် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ဝန်ကြီး Blinkenသည် တနင်္လာနေ့တွင် တရုတ်ဝန်ကြီး Qin Gang၊ ထိပ်တန်းသံတမန်Wang Yi၊သမ္မတ Xi Jinpingတို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားသည်။

ထိုဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက်တာဝန်သိစွာ စီမံခန့်ခွဲနိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်းများ ဆက်ဖွင့်ထားရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟု သိရသည်။

ထို့အပြင် တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့်သက်ဆိုင်သော ကိစ္စများအပြင် ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးနှင့်အမေရိကန် -တရုတ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကိုပူးပေါင်းဖြေရှင်းနိုင်ရေး အလားအလာများကိုလည်း ဝန်ကြီးဘလင်ကင် ဘက်က ဆွေးနွေးသွားမည်ဟု ပြောကြားထားသည်။

အလားတူ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနိုင်သည့် fentanyl ဆေးများ တရားမဝင် အမေရိကန်ထဲကို ခိုးသွင်းနေသော ကိစ္စကိုလည်း အဓိကထား ဆွေးနွေးဖို့ရှိကြောင်း နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက ပြောကြားထားသည်။

ဝန်ကြီး အန်တိုနီဘလင်ကင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ရန်စီစဥ်ထားသော်လည်း တရုတ်သူလျှိုမိုးပျံပူဖောင်းကြီး အမေရိကန်ရေပိုင်နက်ထဲကို ရောက်ရှိခဲ့သည့်အတွက်ကြောင့် ထိုခရီးစဥ်အား ရွှေ့ဆိုင်းခဲ့သည်။

ဝန်ကြီး Blinken ၏ ခရီးစဉ်အား အမေရိကန်လွှတ်တော်ကလည်း အနီးကပ်စောင့်ကြည့်နေပြီးသောကြာနေ့ညက ဝါရှင်တန်ကနေ မထွက်ခွာခင် ဝန်ကြီး Blinken သည် တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ စကားပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ