Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်တွင် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

အမေရိကန်တွင် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ABN – သူရမောင်

အ​မေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ယမန်နေ့က သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရသည့် သတင်းထောက်မှာ Specturm News 13 သတင်းဌာနမှ ရုပ်သံသတင်းထောက် တစ်ဦးဖြစ်သည်။

အမေရိကန်၊ The Orange Sheriff’s Officeက လုပ်ကြံသတ်ဖြတ်သူအား ဖမ်းဆီးထားပြီးဖြစ်ကြောင်း တွယ်တာပေါ်တွင် ရေးသားခဲ့သည်။

လူသတ်မှုနှင့် ဖမ်းဆီးခံထားရသူမှာ အသက် ၁၉ နှစ်အရွယ် Keith Meluin Mosesဖြစ်ပြီး ၎င်းအား ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် တရားရုံးတွင် စွဲချက်တင် တရားစွဲဆိုခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း Specturm News 13 သတင်းဌာနမှ ရုပ်သံသတင်းထောက်အပါအဝင် ကလေးငယ်တစ်ဦးနှင့် အခြားအရပ်သားတစ်ဦးမှာလည်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ