Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်ဂေါက်သမား တိုက်ဂါးဝုဒ် ခြေထောက်ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရ

အမေရိကန်ဂေါက်သမား တိုက်ဂါးဝုဒ် ခြေထောက်ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရ

ABN-ရှိုင်းမိုး

အမေရိကန်ဂေါက်သမား တိုက်ဂါးဝုဒ်သည် ညာဖက်ခြေထောက်ဒဏ်ရာ ဆိုးရွား လာ၍ လက်ရှိ ကစားနေသည့် မာစတာပြိုင်ပွဲမှ ဧပြီ ၉ ရက်နေ့က နှုတ်ထွက်လိုက်ရကြောင်း သိရသည်။

သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကာလရှည်ကြာ အနားယူ​ရာမှ ၂၀၂၂ နှစ်ကစ၍ မာစတာပြိုင်ပွဲမှာ ပြန်လည်ပါဝင်လာခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့မှာ စတင်ကျင်းပသည့် မာစတာပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်သည် ဒုတိယနေ့ပွဲစဉ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။

သို့သော်ရာသီဥတုကအလွန်ဆိုးရွားလာပြီဖြစ်၍ ညာခြေထောက်ဒဏ်ရာ ပြန်လည်နာကျင်လာသောကြောင့် ဧပြီ ၉ ရက်နေ့မှာ တိုက်ဂါးဝုဒ် မာစတာပြိုင်ပွဲမှ နှုတ်ထွက် လိုက်ရသည်။

အသက် ၄၇ နှစ်အရွယ်ရှိသည့် တိုက်ဂါးဝုဒ်သည် ကစားသမားဘဝတွင် ဆုဖလား ၁၅ ခု ရရှိခဲ့ပြီး၊ အဓိက ဆုဖလားကိုတော့ ၂၀၁၉ခုနှစ်မှာ နောက်ဆုံးအကြိမ် ရရှိခဲ့ကြောင်း သိရသည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ