Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်ကျောင်း ၁ကျောင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ ၆ဦးသေဆုံး၊ ပစ်ခတ်သူ အမျိုးသမီးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ပြီး ဖမ်းဆီး

အမေရိကန်ကျောင်း ၁ကျောင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ ၆ဦးသေဆုံး၊ ပစ်ခတ်သူ အမျိုးသမီးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ပြီး ဖမ်းဆီး

ABN-ရှိုင်းမိုး

မတ်လ ၂၇ရက်နေ့က အသက် ၂၈နှစ်အရွယ် အမျိုးမီးတစ်ဦးက ကျောင်းသားငယ် ၃ဦးနှင့် ကျောင်းဝန်ထမ်း ၃ဦးကို ပစ်သတ်ခဲ့သောကြောင့်၊ တရားခံအမျိုးသမီးကို ရဲတပ်ဖွဲ့က အသေပစ်၍ ဖမ်းဆီးခဲ့သည်ဟုသိရသည်။

ပစ်ခတ်သူမှာ Nashville ဧရိယာတွင်နေထိုင်သူ အသက် ၂၈နှစ်အရွယ် Audrey Elizabeth Hale ဖြစ်သည်။

ထိုတရားခံကို မတ်လ ၂၇ရက်နေ့ နံနက် ၁၀နာရီအချိန်က အဖွဲ့ဝင် ၅ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း ကြေညာလိုက်သည်။

တရားခံကို ပစ်ခတ်ခဲ့သည့်အကြောင်းရင်းကို သေချာမသိရသေးဘဲ အကြောင်းရင်းကိုသေချာစစ်‌ဆေးမည်ဖြစ်ကြောင်း ရဲချုပ် “ John Drake “ ကသတင်းထောက်များအားပြောကြားခဲ့သည်။

NBC News ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် Drake က၊ ပစ်ခတ်မှုမှာ သံသယရှိသူသည် ငယ်စဉ်ကပင် ကျောင်းတက်ရခြင်းကြောင့် “နာကြည်းမှုအချို့” ရှိသည်ဟုယူဆသည်။

“ဒါဟာ ကြေကွဲစရာဖြစ်ပြီး မိသားစုအတွက် အိမ်မက်ဆိုးတခုလိုပါပဲ “ ဟု သမ္မတဘိုင်ဒန်ကပြောခဲ့ပြီး၊ သမ္မတဇနီးကလည်း “ ကလေးတွေကို ဒီထက်ပိုပြီး ကာကွယ်ပေးနိုင်သင့်တယ်လို” ပြောသည်။

မတ်လ ၂၃ရက်နေ့ကလည်း Denver အထက်တန်းကျောင်းတွင် ကျောင်းအုပ်ချုပ်သူ ၂ဦးကို၊ ကျောင်းသား ၁ဦးက သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ