မနေ့ညက ကမ္ဘာ့ဖလားအဖွင့်ပွဲစဥ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကာတာနှင့် အီကွေဒေါတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ကာတာ ၀- အီကွေဒေါ ၂ ဖြင့် ပွဲအဆုံးသတ်ခဲ့သည်။
အဖွင့်ပွဲစဥ်မှာ အိမ်ရှင်အဖြစ်ကျင်းပသည့် နိုင်ငံက ရှုံးနိမ့်သည့် သမိုင်းမရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ကာတာသည် ကမ္ဘာ့ပထမဆုံးသော အဖွင့်ပွဲရှုံးနိုင်ငံသစ်အဖြစ် သမိုင်းတွင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။
၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲကို ကာတာနိုင်ငံမှာ မနေ့က မြန်မာစံတော်ချိန် ၁၀ နာရီခွဲက စတင်ကစားခဲ့ခြင်းဖြစ်သည်။
ပွဲချိန် တဝက်လောက်မှာပင် ကာတာနိုင်ငံသားများသည် ထိုင်ခုံများမှ ထပြန်သွားခဲ့ကြကြောင်း တွေ့ရသည်။



