Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဖွင့်ပွဲမှာ ကာတာကို အီကွေဒေါ ဘယ်လိုများ ပညာပြလိုက်တာလဲ

(ဆောင်းပါး)

ကမ္ဘာ့ဖလားကျင်းပဖို့ နှစ်နဲ့ချီပြီး စောင့်လာပြီးတဲ့နောက် အဖွင့်ပွဲမှာပဲ ကာတာနဲ့ သူ့ရဲ့ပရိတ်သတ်တွေဟာ ပြိုင်ဖက်ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရပါတယ်။

အဝေးပြေးလမ်းမကြီးဟာ မျက်စိတဆုံး ဖြန့်ကျက်တည်ရှိနေပြီး လမ်းမျက်နှာပြင်တွေဟာလည်း သန့်ရှင်းသပ်ရပ်နေပါတယ်။ အဝေးရောက်လာတာနဲ့အမျှ မြို့တော်ဒိုဟာရဲ့ မားမားစွင့်စွင့် မြင့်မားလှသော မှန်စီအဆောက်အဦးတွေဟာလည်း မသဲမကွဲဖြစ်လာပါတယ်။ လမ်းမကြီးဟာ တစ္ဆေမြို့တော် လူဆေး မြို့ကိုဖြတ်သွားပြီး လမ်းတွေပေါ်မှာတော့ ကရိန်းကြီးတွေဟာ ထိုးထိုးထောင်ထောင်နဲ့ သဲကန္တာရရဲ့ လေထုထဲမှာ မလှုပ်မယှက်နဲ့ ငြိမ်သက်စွာ ရှိနေကြပါတယ်။

မိုင်ပေါင်းများစွာချီပြီးသွားရင်လည်း ခင်းထားတဲ့ ကတ္တရာရယ်၊ သဲကန္တာရ နဲ့ ကောင်းကင်၊ အယ်လ်ဘတ် ကစားကွင်းကြီးရဲ့ အလွန်ဧရာမကြီးမားတဲ့ ပုံရိပ်ကြီး ဖြိုခွင်းလိုက်တဲ့ မိုးကုတ်စက်ဝိုင်း က လွဲလို့ ဘာဆို ဘာမျှ မရှိပါဘူး။ အသစ်ချွတ်ကျွတ် မြေအောက်ရထားကြီးတွေက ပရိတ်သတ်တွေ ဆင်းလာတဲ့အခါ သူတို့ကိုစောင့်ကြိုနေတဲ့ ဘတ်စကားတန်းကြီးတွေနဲ့ လမ်းတွေပြည့်နှက်ကာ ယာဥ်လမ်းကြောင်းပိတ်ဆို့မှုတွေ ဖြစ်သွားပြီး ကစားကွင်းဆီရောက်ဖို့ ပရိတ်သတ်တွေ တနေကုန်ချီတက်ခဲ့ကြရပါတယ်။ ကစားကွင်းကြီးကိုယ်၌က ဘာမျှမရှိတဲ့ လဟာပြင်ထဲ အိုအေစစ်ကြီးတစ်ခုရောက်နေသလိုမျိုး သံလိုက်ဓာတ်တစ်မျိုးလို ဆွဲဆောင်နေပါတယ်။

ပရိတ်သတ်တွေဟာ အလံတွေကိုခါးမှာပတ်သူပတ်၊ ပခုံးပေါ်တင်ပြီးခြုံသူကခြုံ၊ မျက်နှာပေါ်ဆေးခြယ်သူက ခြယ်ပြီး၊ ဂျာစီတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ထားကြပါတယ်။ တသွင်သွင်နဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ စမ်းချောင်တွေ၊ ခြေထောက်တွေနဲ့လှော်တဲ့ လှေငယ်လေးတွေနဲ့ စီထားတဲ့ ရေကူးကန်တွေ၊ အမျိုးအမည်ခွဲမရတဲ့ ဘဲအုပ်တွေ တကယ့်ကိုကောင်းမွန်သေသပ်လှပတဲ့ မြက်ခင်းတုတွေကိုဖြတ်ပြီး ကာတာ၊ အီကွေဒေါနိုင်ငံသားတွေသာမက ဥရုဂွေး၊ ဘရာဇီး၊ မက္ကဆီကန်၊ ဂါနာနိုင်ငံသားတွေပါ တလိမ့်လိမ့်နဲ့ဝင်လာပုံက တကမ္ဘာလုံးချစ်ကြည်မှုကို ပြသနေသလိုပါ။

ပရိတ်သတ်တွေဟာ ဒီအချိန်ကိုရောက်ဖို့ အချိန်ကာလတစ်ခုထိ စောင့်နေခဲ့ကြရတာပါ။ တဖက်မှာလည်း ကာတာနိုင်ငံဟာ ဒီလိုပွဲမျိုးဖြစ်လာဖို့ နှစ်ပေါင်းဆယ်နဲ့ချီပြီး အချိန်ပေးခဲ့ရပါတယ်။

ငွေကြေးအကုန်အကျအရမ်းများပေမယ့် ပွဲအတွက် အစီအစဥ်ဆွဲတာရယ်၊ ထောင့်စေ့အောင် အသေးစိတ်ကအစ ပြင်ဆင်တာရယ်က အများအကြိုက်ဖြစ်စေဖို့ ၁၂ နှစ်တောင်ကြာခဲ့ပါတယ်။ အားစကားကွင်းတွေ၊ မိုးမျှော်တိုက်ကြီးတွေသာမက သယ်ယူပို့ဆောင်ရေးစနစ်တွေ တမြို့လုံးအနှံ့ လက်တွေ့ဖြစ်လာဖို့ ၂၂၀ဘီလီယံအထိ အသုံးပြုမယ်လို့ ဆုံးဖြတ်ထားပါတယ်။

နောက်ဆုံးမှာတော့ သူတို့တည်ဆောက်ထားတဲ့အရာတွေ သူတို့လုပ်နိုင်တယ်ဆိုတာကို ပြဖို့အချိန်ကျရောက်လာပါပြီ။ ရွက်ဖျင်တဲကြီးတွေလိုမျိုးဖြစ်စေဖို့ ဒီဇိုင်းဆွဲထားတဲ့ အားကစားကွင်းတွေသာမက အဖွင့်ပွဲဟာလည်း သိပ်မထင်ရှားတာကနေ ထူးထူးခြားခြားဖြစ်သွားခဲ့ပါပြီ။

အဖွင့်ပွဲဟာဆိုရင် မော်ဂန်ဖရီးမန် ရဲ့ စုစုစည်းစည်းရှိကြဖို့ မိန်းခွန်းရှည်ကြီးနဲ့ စတင်ခဲ့ပါတယ်၊ ဒါပေမယ့် မြောက်အမေရိကနဲ့ ဥရောပ က ပွဲဝေဖန်ကြသူတွေပြောစေချင်တဲ့ စာကြောင်းတစ်ကြောင်းတော့ အဲဒီမိန်းခွန်းထဲ ပါခဲ့ပါတယ်။

အားကစားကွင်းထဲ နာမည်အကြီးဆုံးတစ်ယောက်ဖြစ်ခဲ့တဲ့ ကေပေါ့စတား Jung Kook ရဲ့ သီချင်းအသစ်တစ်ပုဒ်နဲ့ အထွတ်အထိပ်ရောက်ခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းထဲ မှတ်တမ်းဝင်ခဲ့ပါတယ်။

ကာတာနိုင်ငံရဲ့ အကြီးအကဲကတော့ ပွဲအစီအစဥ်အစမှာ ရှိနေခဲ့ပြီး အနီးကပ်ပြင်ဆင်မှုတွေအားလုံးကို လုပ်လာခဲ့ပါတယ်။ လူမျိုး၊ဘာသာ၊ လိင်စိတ်ခံယူမှု ကွဲပြားသော လူများအပါအဝင် အာလုံးကို ကြိုဆိုကြောင်း၊ ပွဲအစီအစဥ်အခမ်းအနားမှာလည်း လူသားတွေရဲ့ ကောင်းကျိုးအတွက်ဖြစ်ကြောင်း မိန်းခွန်းပြောခဲ့ပါတယ်။

လက်ခုပ်သြဘာသံ သောင်းသောင်းဖြဖြ၊ ရင်သပ်ရှုမောလောက်စရာ စီစဥ်တင်ဆက်မှုတွေနဲ့ လူတွေရဲ့ ခံစားချက်တွေ တက်ကြွစေခဲ့ပါတယ်။ ဒီအရာတွေကပဲ ကာတာနိုင်ငံရဲ့ စိတ်ကူးယဥ်မှုတွေကို အရောင်လက်စေခဲ့တာပါပဲ။

ဒီလိုနဲ့ ကစားပွဲတွေ စတင်ခဲ့ပါတယ်။ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားအတွက် အသင်းတစ်သင်းတည်ဆောက်ဖို့ ပရောဂျက်ဟာ တနိုင်ငံလုံးရဲ့ ကစားပွဲအတွက် ကုန်ကျစရိတ် နဲ့ နှိုင်းစာရင် ဘာမျှမပြောပလောက်ပါဘူး။ ဒီအရာကလည်း အံ့သြစရာတော့မရှိပါဘူး။ ဒီကမ္ဘာ့ဖလားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ကာတာနိုင်ငံမှာ တကယ့်စစ်မှန်တဲ့ အားကစားအစွမ်းအစရှိတယ်ဆိုတာ ပြသရုံမကဘဲ သူနည်းသူ့ဟန်နဲ့ ကစားပွဲအတွက် စီစဥ်မှုတွေဟာ ရည်ရွယ်ချက်ကြီးမားပြီး အလွန်ထူးခြားတယ်ဆိုတာကိုပါ ပြသချင်တာပါ။

ကာတာနိုင်ငံရဲ့ တာဝန်ရှိသူတွေဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဆင့်အမြင့်ဆုံးအားကစားပစ္စည်းတွေ နဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ အကောင်းဆုံးဘောလုံးအသင်းတွေ ရှိတဲ့နေရာတွေမှာပါ ရင်းနှီးမြုပ်နှံထားပါတယ်။ အထူးဖြင့် အာဖရိကလို နေရာမျိုးမှာ ဘောလုံးအကယ်ဒမီလို ကွန်ယက်တွေတည်ဆောက်ပြီး အရည်အချင်းရှိသူတွေကို ရှာဖွေပြီး လေ့ကျင့်ဖို့ ကမ္ဘာပတ်ပြီး ရှာခဲ့ကြပါတယ်။

ကာတာနိုင်ငံဟာ တကယ့်အဆင့်မြင့်ပုံစံနဲ့ သူတို့ရဲ့ လေ့ကျင့်ပျိုးထောင်ရေးစနစ်ကနေ အကောင်းဆုံးအကျိုးကျေးဇူးတွေရဖို့ ဥရောပကလပ်လိုအသင်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီး တကယ့်ကောင်းမွန်တဲ့ လူငယ်အကယ်ဒမီကျောင်းတွေကနေ အတော်ဆုံး ကျွမ်းကျင်နည်းပြတွေကို စုဆောင်းကာ အထူးခြားဆုံး၊ အပြောင်မြောက်ဆုံး နည်းစနစ်၊ ပုံစံတွေနဲ့ သူတို့ရဲ့ ကစားသမားတွေကို လေ့ကျင့်စေပါတယ်။ ဒီလိုမျိုး လေ့ကျင့်စေတယ်ဆိုတာဟာလည်း ဒီကစားပွဲ၊ ဒီလိုအခိုက်အတန့်အတွက် လုပ်ခဲ့တာပါ။ ဒီနည်းလမ်းကပဲ ကာတာဟာ တခြားဘောလုံးကွင်းတွေမှာလိုမျိုး အားကစားမှာ အောင်မြင်မှုကို ရဖို့ ဖြတ်လမ်းနည်းကို ရှာတာမျိုးမဟုတ်ဘဲ ကာတာရဲ့ ကစားကွင်းထဲမှာ တကမ္ဘာလုံးနဲ့ ၊ အနည်းဆုံးဥရောပနဲ့ ယှဥ်နိုင်တယ်ဆိုတာကို ပြဖို့ အခွင့်အရေး ဆိုတာပါပဲ။ လိုရင်းက ဒါပါ။

အစစအရာရာ ဟာကွက်မရှိဖြစ်နေပေမယ့် ကာတာ အေးစက်သွားစေမယ့် အခိုက်အတန့်ကတော့ ရောက်လာခဲ့ပါတယ်။ ခုတော့ စပိန်နည်းပြ Flix Snchez ဟာ သူတာဝန်ယူတဲ့ ကာလမှာ အောင်မြင်မှုကို မခံစားလိုက်ရပါဘူး။ ၂၀၁၉ ခုနှစ်က သူ့အသင်းဟာ အာရှရဲ့ ချန်ပီယံသရဖူဆောင်းခဲ့ပါတယ်။ ကာတာအသင်းဟာ အဆင့်တူ ပြိုင်ဖက်အသင်းတွေက ချီးကျူးမှုတွေနဲ့အတူ ပေါ်ထွက်လာခဲ့ပြီး အီကွေဒေါအသင်းထက်တောင် ပိုရေပန်းစားနေခဲ့တာပါ။

နောက်ဆုံး ကမ္ဘာ့ဖလားပွဲကန်ကြတဲ့အချိန်မှာတော့ ကာတာအသင်းဟာ စင်ပေါ်ကအသံတွေရယ်၊ ဖိအားတွေရယ်၊ သူတို့အပေါ်ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ စိတ်ထိခိုက်နေရပုံပေါ်ပါတယ်။ တူရကီမှာ အားကစားသမားဘဝကို ခံယူခဲ့တဲ့ စစ်ပြန် အီကွေဒေါ တိုက်စစ်မှုး Enner Valencia က ၁၅၈ စက္ကန့်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါတော့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး Enner Valencia နောက်ထပ် ၁၆မိနစ်အကြာမှာ ပင်နယ်တီနဲ့ အဖွင့်ဂိုးကို ရယူခဲ့ပြီး နောက်ထပ် နာရီဝက်ကျော်ကျော်လေးမှာပဲ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

ကာတာအသင်း ပြန်လည် တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကာတာ ပရိတ်သတ်တွေဟာ တိတ်ဆိတ်သွားကြပြီး အီကွေဒေါပရိတ်သတ်တွေနဲ့ ပရိတ်သတ်ရာချီပါတဲ့ သီးသန့်အုပ်စုတစ်ခုဆီလောက်ကပဲ ဂိုးတစ်ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံနေကြတဲ့ အသံကြားကြရပါတယ်။ ကာတာအသင်းဟာ အနီမှိုင်းရောင်တီရှပ်တွေဝတ်ဆင်ထားပြီး၊ သာမန်ကာတာတွေထက် အများစုက တက်တူးတွေနဲ့ပါ ၊ သီချင်းတွေ ကကွက်တွေက ကြိုတင်စီစဥ်ပြီး သေချာလေ့ကျင့်ထားတာ သိသာနေပါတယ်။

ပရိတ်သတ်တွေဟာ သီချင်းတွေကို အဆက်မပြတ်ဆိုနေကြပြီး အလျော့မပေးတဲ့ ကာတာရဲ့အရေးအတွက် ပွဲကြောင့် ဘာမှမဖြစ်သလိုမျိုး၊ သစ္စာရှိရှိနဲ့ အားပေးကြပါတယ်။ ဒါပေမယ့် ကျန်တဲ့ပရိတ်သတ်တွေက တဖြည်းဖြည်းနဲ့ ထွက်ခွာသွားကြပြီး ပွဲချိန်တဝက်အပြီးမှာတော့ ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေဟာ သူတို့ရဲ့ခုံတွေဆီပြန်မလာတော့ပါဘူး။ ဒုတိယပွဲချိန်ကနေ အဆုံးကိုရောက်လာတဲ့အချိန်မှာတော့ အီကွေဒေါပရိတ်သတ်တွေက သက်တောင့်သက်သာ၊ ကျေကျေနပ်နပ်နဲ့ လျှောက်ထွက်လာကြတဲ့အခါ ပရိတ်သတ်တွေတော်တော်များများ သူတို့နောက်ကလိုက်လာကြပါတယ်။ ဒီတော့ သူတို့ထိုင်ခဲ့တဲ့ နေရာတွေဟာလည်း ကျောက်ပေါက်ရာလို အကွက်ကွက်နဲ့ကနေ လူမရှိတဲ့ ထိုင်ခုံချည်းသက်သက်ဖြစ်နေခဲ့ပါတော့တယ်။

ကွင်းအပြင်ဖက်မှာတော့ ကွင်းထဲကထွက်လာတဲ့ ကာတာနိုင်ငံသူနိုင်ငံသားတွေဟာ တလက်လက်တောက်နေတဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ အိုအေစစ်ကနေ အိမ်ပြန်ဖို့ ကိုယ်စီကိုယ်စီ ပြန်နေကြပါတယ်။ သူတို့ဟာ ဖြစ်နိုင်သမျှ ထူးခြားအောင် ဖန်တီးထားတဲ့ ပင်လယ်နံဘေးက တလက်လက်တောက်နေတဲ့ မြို့ဆီကို တကြိမ်ထက်မက ဦးတည်သွားနေကြလေရဲ့။ အဲဒီနေရာဟာ ခါးသီးတဲ့အမှန်တရားတွေ မဝင်လာနိုင်စေဖို့ အသေအချာလုပ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်နေမယ်ဆိုတာပါပဲ။

How Ecuador Spoiled Qatar’s Party in Opener ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်