Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများ၏ အလှပြင်ဆိုင်များကို တာလီဘန်များက တားမြစ်ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆန္ဒပြ

အဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများ၏ အလှပြင်ဆိုင်များကို တာလီဘန်များက တားမြစ်ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆန္ဒပြ

ABN-နွယ်စိုး

ဇူလိုင်၂၀ ရက်

အာဖဂန်နစ္စတန်၏ မြို့တော် ကဘူးလ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က တာလီဘန်အာဏာပိုင်များအနေဖြင့် အမျိုးသမီးများ၏ အလှပြင်ဆိုင်များအား ပိတ်ပစ်ရန်ဆိုသည့် အမိန့်ကို ဆန့်ကျင်သည့် အနေဖြင့် ဒါဇင်နှင့်ချီသော အာဖဂန်အမျိုးသမီးများ ဆန္ဒပြခဲ့ကြသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများ၏ အလှပြင်ဆိုင်များကို တာလီဘန်အာဏာပိုင်များက တားမြစ်ပိတ်ပင်ရန် အမိန်ထုတ်ခဲ့မှုကြောင့် အမျိုးသမီးများ အလှပြင်ဆိုင်များရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖာ်သည့်အမျိုးသမီးများကို လုံခြုံရေးဝန်ထမ်းများက မီးသတ်ပိုက်ကို အသုံးပြု၍ အင်အားသုံး လူစုခွဲခဲ့ကြသည်။

‘’အသက်မွေးဝမ်းကျောင်းမှု၊ တရားမျှတမှု၊ အလုပ်နဲ့ ပညာရေး’’ ဆိုသည့်စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ် တောင်းဆိုနေကြချိန်တွင် အင်အားသုံး လူစုခွဲခံခဲ့ရခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Richard Bennettအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီအရင်ခံတင်ပြချက်၌ နိုင်ငံအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အကျပ်အတည်းသည် ကမ္ဘာပေါ်တွင် အဆိုးဆုံးများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အာဖဂန်နစ္စတန် အမျိုးသမီး အများစုမှာ UNသို့မဟုတ် NGO တွင် အလုပ် လုပ်ကိုင်ခွင့်များ ပိတ်ပင်ခံထားနေရ၍ ထောင်ပေါင်းများစွာသော အစိုးရ အလုပ်မှလည်း ထုတ်ပယ်ခံရခြင်း သို့မဟုတ် အိမ်တွင် နေရန်လည်း အခကြေးငွေ ပေးဆောင်ခြင်း ခံနေရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၁ သြဂုတ်လတွင် တာလီဘန်များ အာဏာသိမ်းပြီးချိန်မှစကာ မိန်းကလေးများနှင့် အမျိုးသမီးများအပေါ် တင်းကြပ်မှုများ လုပ်လာခဲ့ပြီး ထိုအမျိုးသမီးများအနေဖြင့် အထက်တန်းကျောင်းများတက်ရန် ပိတ်ပင်ခြင်း၊ တက္ကသိုလ်များ တက်ရောက်ရန် တားမြစ်ခံရခြင်း၊ ပန်းခြံများနှင့် အများပြည်သူသွားလာသည့် နေရာတချို့၌ အမျိုးသမီးများ သွားလာမှုကိုလည်း ပိတ်ပင်ရန် အမိန့်ထုတ်ခံခဲ့ရသည်။

၄င်းအပြင် အမျိုးသမီးများအနေဖြင့် ပညာသင်ခွင့် အပါအဝင် အများပြည်သူရှေ့ သွားလာလှုပ်ရှားသည့် ဘဝများကို ကန့်သတ်ထားသော တာလီဘန်အာဏာပိုင်များ၏ အမိန့်များကို ရုပ်သိမ်းရန် ကုလသမဂ္ဂနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက တာလီဘန်အာဏာပိုင်များကို တောင်းဆိုတိုက်တွန်းထားကြောင်း သိရသည်။

Source-CNA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ