
ABN-ထက်မြတ်ခင်
ယနေ့ မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများက နေရာ ၂ခု၌ စုပေါင်းချီတက်ကာ ထိုင်းအစိုးရအား တနေ့ လုပ်အားခ ဘတ်ငွေ ၇၁၅ ဘတ်အပါအဝင် အချက် ၃ ချက် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း KhaoSod ထိုင်းသတင်းဌာနဖော်ပြချက်အရ သိရသည်။
၎င်းအချက် ၃ချက်မှာ( ၁)မြန်မာလုပ်သားများအတွက် အခက်အခဲဆုံးဖြစ်သည့် ဗီဇာသက်တမ်းတိုးရန် မြန်မာပြည်ကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ပြုလုပ်ပေးရန်၊ (၂) အလုပ်သမားတစ်ဦး၏ တနေ့ လုပ်အားခ ၇၁၅ ဘတ်ပေးရန်နှင့် (၃)မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ပိုင် အသင်းအဖွဲ့ စုပေါင်းတောင်းဆိုခွင့်ရရန် တို့ဖြစ်ကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင် ရွှေ့ပြောင်း လုပ်သားများကို အခွင့်အရေးများ ပိုမိုမြှင့်တင်ပေးဖို့ တောင်းဆိုခဲ့ကြသည်ဟုသိရသည်။
ထိုတောင်းဆိုန္ဒပြမှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဟတ်ယိုင်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်ရေးကွန်ယက် MWRNများနှင့် အလုပ်သမားသမဂ္ဂများပူးပေါင်းကာ တောင်းဆိုခဲ့ကြောင်းသိရသည်။
Photo Credit-MWRN

