သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးတွင် စကမတပ်နှင့် PLAတို့ တိုက်ပွဲဖြစ်ပွား

AB News – ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးတွင် စစ်ကော်မရှင်တပ် နှင့် PLA တို့ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ နှစ်ပွင့်ဗိုလ် ၁ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး၊ ဒုတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၁၀ ကျော် ဒဏ်ရရှိခဲ့သည်။ ထို့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်တော်(PLA)တပ်သည် နမခ အနီးအထိုင်ချတပ်စွဲထားသည့် ကာကင်းစခန်းမှ ထွက်လာသည့် အင်အား ၂၀ ခန့်ပါ ထော်လာဂျီ ၁ စီးနှင့် ကင်းထောက်ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Black Falcon တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၃)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ တိုက်နယ် (၅) ပလဖ၊ ကနောင်မင်းသားကြီး တပ်ဖွဲ့၊ သွေးသောက်ညီကိုတပ်ဖွဲ့၊ Three Star တပ်ဖွဲ့နှင့် အမေ့သားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တိုက်ပွဲပြီးချိန်တွင် နမခနှင့် အမတ-၅၀၅ တို့မှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ကာ အင်အား ၂၀၀ပါ စစ်ကြောင်းတစ်ကြောင်း၊ တင့်ကား ၁ စီး အပါအဝင် ပွိုင့်ဖိုက်ပါ သံပြားကာကား ၃ စီးတို့ဖြင့် စစ်ကြောင်းထိုးပြီး အရေးပေါ်ကား ၂ စီးဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရတပ်သားများကို လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ