Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေးမှ ဂါဇာကမ်းမြောင်ဒေသခံများအား ရွှေ့ပြောင်းရန် သတိပေးခြင်းကို မလိုက်နာဖို့ဂါဇာလူထုကို Hamas တိုက်တွန်း

အစ္စရေးမှ ဂါဇာကမ်းမြောင်ဒေသခံများအား ရွှေ့ပြောင်းရန် သတိပေးခြင်းကို မလိုက်နာဖို့ဂါဇာလူထုကို Hamas တိုက်တွန်း

ABN-နွယ်စိုး

အောက်တိုဘာ၁၄ ရက်

ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်အခြမ်း၌ နေထိုင်သူ အရပ်သား ၂.၃ သန်းကျော်ထဲက ၁ သန်းကျော်ကို တောင်ဘက်ပိုင်းသို့ ၂၄ နာရီအတွင်း ထွက်သွား ရန် အစ္စရေး ကာကွယ်ရေးဌာနက ကြေညာထားခြင်းကို လျစ်လျူရှုဖို့ ဟားမတ်စ်က ဂါဇာအရပ်သားများကို ပြောကြားလိုက်ကြောင်း APသတင်းဌာနတွင်ဖာ်ပြထားသည်။

လူအမြောက်အမြားကို အချိန်တိုအတွင်းမှာ ပြောင်းရွေ့ရန် မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂမှ အစ္စရေး ကို ပြန်လည် တောင်းဆိုနေချိန်၌ ဟားမတ်စ် အနေဖြင့် ယခုလို အရပ်သားများကိုပြောကြားလိုက်ခြင်းဖြစ်သည်။

ပါလက်စတိုင်း U.N. သံအမတ်ကြီး Riyad Mansour ကအနေဖြင့် အစ္စရေး၏ အမိန့်သည် ထွက်ပြေးရန် နေရာမရှိ ဖြစ်နေသော ပါလက်စတိုင်းများကို လူမျိုးတုံး သုတ်သင် ရှင်းလင်းရေး ဖြစ်သည်ဟု သောကြာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အစ္စရေးလူမျိုးများနှင့် နိုင်ငံခြားသား ဓားစာခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်ဘက်က သောကြာနေ့က သတင်းထုတ်ပြန်ထားသည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲများကြောင့် ဂါဇာမှာ လူ ၃၄၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီလို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

ဟားမတ်စ်၏ စီးနင်းတိုက်ခိုက်မှုများအတွင်း လူ ၁,၈၀၀ သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ကြေညာထားပြီး အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်များကြောင့် ပါလက်စတိုင်း ဘက်က ၁,၅၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်လည်းထုတ်ပြန်ထားသည်။

ယင်းအပြင် ဂါဇာကမ်းမြောင်ဒေသ၌ ပြီးခဲ့သည့် စနေနေ့က Hamas စစ်သွေးကြွများသည် အစ္စရေး မြို့များ၊ ရွာများထဲ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ထိုင်းလူမျိုး ၂၁ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့သည်။

သေဆုံးခဲ့သူများ၏ အလောင်းများကို ထိုင်းနိုင်ငံသို့ပြန်ပို့ရန် အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း ထိုင်းဝန်ကြီးချုပ်က အစ္စရေးသံအမတ်ကြီးနှင့် ဘန်ကောက်မြို့တော်တွင် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

Hamas တို့တိုက်ခိုက်မှုအတွင်း သေဆုံးသူ ထောင်ကျော်ရှိခဲ့ပြီး အလောင်းအားလုံးကို အသေးစိတ် စိစစ်နေရခြင်းဖြစ်သည့်အတွက် အလောင်းများကို ချက်ချင်း ပြန်မပို့ပေးနိုင်သေးဟု အစ္စရေးသံအမတ်ကြီးက တုံ့ပြန်ခဲ့ပေမယ့်လည်း အပြည့်အဝ ဦးစားပေးကူညီမည်ဟု ပြောကြားခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြန်ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ