Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေးနှင့် ဟားမတ်စ်တို့၏ စစ်ရေး ပဋိပက္ခများပြန့်ပွားလာမည်ကို စိုးရိမ်မှုများမြင့်တက်လာနေချိန် အမေရိကန်သမ္မတ Biden အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဟုဆို

အစ္စရေးနှင့် ဟားမတ်စ်တို့၏ စစ်ရေး ပဋိပက္ခများပြန့်ပွားလာမည်ကို စိုးရိမ်မှုများမြင့်တက်လာနေချိန် အမေရိကန်သမ္မတ Biden အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဟုဆို

ABN-နွယ်စိုး

အောက်တိုဘာ ၁၇ ရက်

ဂါဇာကမ်းမြောင်ရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေ ပိုမိုဆိုးရွားလာချိန်နှင့် အစ္စရေးက ဟားမတ်စ်စစ်သွေးကြွများကို အပြတ်ချေမှုန်းရန် မြေပြင်ထိုးစစ် ပြင်ဆင်နေချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က သမ္မတ Biden အစ္စရေးနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲသည် ဒေသတွင်း ပဋိပက္ခကြီးအဖြစ် ပြန့်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် သမ္မတ ဂျိုးဘိုင်ဒင်သည် အစ္စရေးနှင့် ဂျော်ဒန်သို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ပြီး အစ္စရေးအပါအဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဂါဇာကမ်းမြောင်ရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေသည်လည်းပိုမိုဆိုးရွားလာပြီး ဟားမတ်စ် မြေပြင်တိုက်ခိုက်မှုအတွက် အစ္စရေးက ပြင်ဆင်နေချိန်တွင် သမ္မတ Bidenအစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေး ၏ စစ်ဆင်ရေးများ အား မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်းကို ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံသို့ အမေရိကန် လေယာဉ်တင်သင်္ဘောများနှင့် စစ်ရေးအကူအညီများ ပေးမည်ကိုအမေရိကန်ဘက် က ကတိပြုထားပြီး အစ္စရေးနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂ ဘီလီယံကျော်ကိုပေးမည်ကိုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည် ။

၂၀၂၄ရွေးကောက်ပွဲ တစ်နှစ်ကျော်သာလိုသည့် အမေရိကန်မဲဆန္ဒရှင်များအတွက် Biden၏အမျိုးသားလုံခြုံရေးဆိုင်ရာ အရည်းအချင်းများကို ပြသဖို့Biden အတွက် အခွင့်အရေးတစ်ခုဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးBlinken သည် ယခုသီတင်းပတ်အတွင်း အစ္စရေးနိုင်ငံသို့ သွားရောက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ အပြင် အခြားသော အစ္စရေးထိပ်တန်းအရာရှိများနှင့် ၇ နာရီကျော်ကြာ ဆွေးနွေးပြီးနောက် ယနေ့အင်္ဂါနေ့အစောပိုင်းတွင် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

Biden အနေဖြင့် အစ္စရေနိုင်ငံသို့သွားပြီး အစ္စရေးအရာရှိများနှင့်တွေ့ဆုံကာ ၎င်းတို့၏ စစ်ပွဲရည်မှန်းချက်များနှင့်ပတ်သက်၍ စစ်ဆင်ရေးများပြုလုပ်ရန် ရည်မှန်းထားခြင်းအပါအဝင် ဂါဇာရှိ အရပ်သားများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးပို့ရန် ကိစ္စများကို ဆွေးနွေးဖွယ်ရှိကြောင်း Blinken ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝါရှင်တန်မှာ မကြာမီသေးက အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က Biden သည် ဘုရင် Abdullah အီဂျစ်သမ္မတ Abdel Fattah el-Sissi၊ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့နှင့် တွေ့ဆုံဖို့ ဂျော်ဒန်နိုင်ငံကို သွားရောက်မည်ဟုကြေညာခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်ကြောင်း ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်” ဟု Kirby က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအပြီး အစ္စရေးက ပိတ်ထားခဲ့သော ဂါဇာကမ်းမြောင်နှင့် အီဂျစ်နိုင်ငံကြား နယ်စပ်ဖြတ်ခွင့် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သော်လည်း အချိန်အတိအကျ မသိရသေးကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Biden သည် စစ်ပွဲအတွင်းပါလက်စတိုင်း ၂,၇၇၈ ဦး သေဆုံးခဲ့ခြင်း ကိုအီဂျစ် ၀န်ကြီးချုပ် Mohammed Shia al-Sudani အပါအဝင် ဂျာမနီ အဓိပတိ Olaf Scholz တို့နှင့် ဖုန်းဖြင့် ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂခေါင်းဆောင်များအနေဖြင့်လည်းစစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ယနေ့အင်္ဂါနေ့တွင် အရေးပေါ်ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။

အီရန်အနေဖြင့်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ဒေသတွင်းစစ်ပွဲအဖြစ် ပျံ့နှံ့မသွားရအောင် ကာကွယ်ဖို့ဖြစ်နိုင်ခြေ ရှိကြောင်း အစ္စရေး၏အိမ်နီးချင်း လစ်ဘနွန်နိုင်ငံမှာရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabodollahian စနေနေ့မှာ ပြောကြားခဲ့သည်။

အစ္စရေးအနေနှင့် ဂါဇာဒေသကို တိုက်ခိုက်နေခြင်းကို ရပ်တန့်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး လစ်ဘနွန်တွင် အခြေစိုက်သည့် ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့ပါ စစ်အတွင်းကို ဝင်ရောက်လာရင် စစ်ပွဲသည် အရှေ့အလည်ပိုင်းနိုင်ငံတချို့ကို ပျံ့နှံ့သွားလိမ့်မည်ဟု သူကသတိပေးထားသည်။

ဟားမတ်စ်သည် အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေးက ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသည်ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူ ၂.၃ သန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ဘိုင်ဒင်က အာမန်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်းလည်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဟားမတ်စ်သည် ပါလက်စတိုင်းပြည်သူများ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရပ်တည်နေခြင်းမဟုတ်ကြောင်းကိုလည်း ၄င်းတို့က ရှင်းလင်းပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ