သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေးနိုင်ငံ၏ တရားရေးစနစ်ပြောင်းလဲမည့်အစီအစဉ်ကို ရပ်ထားရန် တောင်းဆိုခဲ့သည့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

အစ္စရေးနိုင်ငံ၏ တရားရေးစနစ်ပြောင်းလဲမည့်အစီအစဉ်ကို ရပ်ထားရန် တောင်းဆိုခဲ့သည့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

ABN-ရှိုင်းမိုး

အစ္စရေးနိုင်ငံ၏ တရားရေးစနစ်ပြောင်းလဲမည့်အစီအစဉ်ကို ရပ်ထားရန် တောင်းဆိုခဲ့သည့် အစ္စရေးကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ်ဂေလန့်ကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က မတ်လ ၂၆ ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းသိရသည်။

အစ္စရေးတရားရုံးချုပ်၏ ဆုံးဖြတ်ချက်အား လွှတ်တော်က လွှမ်းမိုးချုပ်ကိုင်နိုင်မည့် ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းရန် ဝန်ကြီးချုပ်မှ ကြိုးပမ်းလာခြင်းအား ရပ်တန့်ပေးဖို့ မတ်လ ၂၅ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂေလန့်က တောင်းဆို ခဲ့ပြီးနောက် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ကာကွယ်​​ရေးဝန်ကြီး ဂေလန့်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းနှင့် ထိုတရားစီရင်ရေး ပြောင်းလဲမည့် ဥပဒေကို ငြင်းဆန်သူအားလုံးအား ဆန့်ကျင်သွားမည်ဟု ဆိုသည်။

ဝန်ကြီးချုပ် နေတန်ယာဟု အနေဖြင့် ထို ဥပဒေ ပြဌာန်းရန်ပြင်ဆင်မှုသည် တိုင်းပြည်ကို စိတ်ဝမ်းကွဲပြားစေသည့်လုပ်ရပ် ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဂေလန့်က ပြောဆိုလိုက်သည်။

ကာကွယ်ရေးဝန်ကြီး ဂေလန့်ထုတ်ပယ်ခံရပြီးနောက် မတ်လ ၂၆ ညနေပိုင်းတွင် သောင်းနှင့်ချီသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် အပြင် ဂျေရုဆလင်ရှိ ဝန်ကြီးချုပ် နေတန်ယာဟု ၏ နေအိမ်အနီးတွင်လည်း ဆန္ဒပြ ပြည်သူများ သောင်းနှင့်ချီ စုရုံးခဲ့ကြသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ