Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေးတွင် အစိုးရ၏ တရားစီရင်ရေး စနစ်ပြောင်းလဲမည့်အစီအစဉ်ကို လူပေါင်း သိန်းချီ ဆန္ဒပြ

အစ္စရေးတွင် အစိုးရ၏ တရားစီရင်ရေး စနစ်ပြောင်းလဲမည့်အစီအစဉ်ကို လူပေါင်း သိန်းချီ ဆန္ဒပြ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၇ ရက်

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့တွင် ဇူလိုင်လ ၁၅ရက်နေ့က အစိုးရ၏ တရားရေးစနစ်အား ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင်သည့်အနေနဲ့ လူပေါင်း သိန်းချီ၍ လမ်းမကြီးများကိုပိတ်ကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တဲလ်အဗစ်မြို့မှ ဆန္ဒပြပွဲတွင် နိုင်ငံတဝန်းကလူပေါင်း ၁ သိန်းကျော်ပါဝင်ခဲ့ပြီး ဆန္ဒပြသူများသည် ဂျေရုဆလင်ရှိ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ နေအိမ်အပြင်တွင် တရားစီရင်ရေးစနစ် ပြုပြင် ပြောင်းလဲရေး အစီအစဉ်ကို ရပ်တန့်ရန် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့​ကြသည်။

ဝန်ကြီးချုပ်နေတန်ယာဟု၏ လက်ယာစွန်းအစိုးရသည် တရားစီရင်ရေးစနစ် ပြုပြင် ပြောင်းလဲရေး

အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလက အကောင်အထည်ဖော်ခဲ့ပြီးနောက် လူပေါင်းသိန်းချီ၍ ၂၈ပတ် ဆက်တိုက် ဆန္ဒပြမှုများ ကို ပြုလုပ်​နေခြင်းဖြစ်သည်။

နေတန်ယာဟုအစိုးရသည် ယခု အပတ်အတွင်း တရားစီရင်ရေးစနစ်ပြုပြင်ရေး၏ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ရာ အဆိုပါ ဥပဒေမူကြမ်းသည် ယခုလကုန်တွင် ဥပဒေမဖြစ်မလာမီ နောက်ထပ်မဲ နှစ်မဲဖြင့် အတည်ပြုရန် လိုအပ်နေသေးသည်။

အစ္စရေးနိုင်ငံ၏ အမျိုးသားအလုပ်သမားသမဂ္ဂနဲ့ ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းများ၊ စစ်ဖက်အရန်တပ်ဖွဲ့များနှင့် စီးပွားရေး ခေါင်းဆောင်များလည်း ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြသူများထဲတွင်ပါဝင်ပြီး အစီအစဉ်ကို ရပ်တန့်ရန်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ပြီးခဲ့သည့်လများအတွင်း ဆန္ဒပြမှုများကြောင့် နေတန်ယာဟုအစိုးရသည် အတိုက်အခံပါတီများနှင့် အပေးယူပြုလုပ်ကာ ဥပဒေပြုပြင်ရေးကို ဆိုင်းငံ့ခဲ့သော်လည်း ပြီးခဲ့သည့်လက အဆိုပါအစီအစဉ်ကို ပြန်လည်အသက်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး
ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားပြီးနောက် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားရန် ပြင်သစ်အစိုးရ ပြောကြား