
AB News ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေးဘက်မှ စတင်၍ အီရန်ကို လေကြောင်းတိုက်ခိုက်ခြင်းအပေါ် အီရန်ဘက်မှလည်း ဒုံးကျည်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရှိရသည်။
အီရန်က လက်တုံ့ပြန်မည့်ဟု နိုင်ငံပိုင်ရုပ်သံလိုင်းမှ သတင်းထုတ်ပြန်ပြီးနောက် ယခုအခါ အစ္စရေးဘက်ကို ဒုံးကျည်ဖြင့် ပြန်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အစ္စရေးဘက်မှ “ကြိုတင်ကာကွယ်ရေး တိုက်ခိုက်မှု”ဟု ဆိုကာ အီရန်ကို ခိုက်ခိုက်ခဲ့ပြီး အီရန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များ အစ္စရေးဘက်သို့ ဦးတည်လာခြင်းကြောင့် နိုင်ငံအတွင်းရှိ နေရာအများအပြားတွင် အရေးပေါ်သတိပေးချက်များ ထုတ်လွှင့်ထားကြောင်း သိရှိရသည်။
အစ္စရေးနိုင်ငံအတွင်း ကာကွယ်ရေးစနစ် ရာနှုန်းပြည့် လုံခြုံမှုမရှိနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် လက်ရှိ ၎င်းတို့လေတပ်မှာ အီရန်ဘက်မှ ခြိမ်းခြောက်ချက်များကို ဖယ်ရှားခြင်း၊ ကြားဖြတ်ဟန့်တားခြင်းနှင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။