ABN-ထက်မြတ်ခင်
ထိုင်းနိုင်ငံ နခွန်ရာ့ချ်စီမာခရိုင်တွင်ရှိသည့် ရာဘာခြံတစ်ခုတွင် အစာရေစာပြတ်နေသည့် မြန်မာလုပ်သား ၃၉ဦးကို ထိုင်းအာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့သည်ဟု ထိုင်းသတင်းများအရ သိရသည်။
၎င်းတို့အား ထိုင်းအာဏာပိုင်များက မတ်လ ၁၇နေ့တွင် လူ ၁ဦးတိုင်ကြားချက်အရ သွားရောက်ရှာဖွေရာတွင် အာဟာရ ပြတ်လပ်မှုကြောင့် လမ်းမလျှောက်နိုင်သူများပါဝင်ကြောင်း သိရသည်။
ထို ၃၉ မှာ ပွဲစားဖြစ်သူက ထိုရာဘာခြံတွင် ပစ်ထားခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
ဖမ်းဆီခံရသူများမှာ ပွဲစားဖြစ်သူအား ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး တချို့က မလေးရှားနိုင်ငံအထိ ဆက်သွားကြမည့်သူများ ဖြစ်ကြောင်း သိရသည်။


