Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအန္တရာယ် ဒုတိယအဆင့်သတိပေးခံထားသည့် မီရာပီ မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအန္တရာယ် ဒုတိယအဆင့်သတိပေးခံထားသည့် မီရာပီ မီးတောင်ပေါက်ကွဲ

ABN-မေအိအိအောင်

အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအန္တရာယ် ဒုတိယအဆင့်အဖြစ် သတိပေးထားသော မီရာပီ မီးတောင်မှာ ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ပေါက်ကွဲခဲ့ကြောင်းသိရသည်။

မီရာပီ(Merapi) မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ Yogyakart အထူးဒေသတွင်ရှိပြီး မီးတောင်ပေါက်ကွဲစဉ်တွင် လေထုထဲသို့ မီးခိုးလုံးများ ၇ ကီလိုမီတာအထိမြင့်တက်သွားကြောင်းသိရသည်။

အမြင့်ပေ ၉၇၂၁ ရှိ မီရာပီ မီးတောင်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် ပေါက်ကွဲခဲ့ပြီး ညနေ ၅ နာရီခန့်အထိ ဆက်လက်ပေါက်ကွဲကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ကပြောသည်။

မီးတောင်းပေါက်ကွဲမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုများမရှိသော်လည်း မီးတောင်ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မီးခိုးနှင့် ပြာမှုန့်များ ဖုံးအုပ်သွားကြောင်း ဘေးအန္တရာယ်လျှော့ချရေး အဖွဲ့ကပြောသည်။

၉၇၂၁ ပေမြင့်သည့် မီရာပီ မီးတောင်မှာ အင်ဒိုနီးရှားနိုင်အတွင်း လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခင်ကတည်းက ပေါက်ကွဲမှုအန္တရာယ် ဒုတိယအမြင့်ဆုံး အဖြစ် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးတောင်ပေါက်ကွဲမှုအခြေနေကိုစောင့်ကြည့်နေပြီး သတ်မှတ်ထားသည့် အန္တရာယ်ဇုန်ထက်ပိုကျယ်လာလျှင် ဒေသခံများကို ပြောင်းရွှေ့ရန် အသိပေးနိုင်ကြောင်း မီးတောင်စောင့်ကြည့်အဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ Yulianto ကပြောသည်။

မီရာပီ မီးတောင်သည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၃၅၀ နှင့် လူဦးရေ ၂၈၀,၀၀၀ ပြောင်းရွှေ့ခဲ့ရသည်။

ယင်းအပြင် အဆိုပါမီးတောင်မှာ ၁၉၉၄ ခုနှစ်က တစ်ကြိမ်ပေါက်ကွဲပြီး လူပေါင်း ၆၀ သေဆုံးကာ ၁၉၃၀ ခုနှစ်ကလည်း တစ်ကြိမ်ပေါက်ကွဲရာ လူပေါင်း ၁၃၀၀ သေဆုံးခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ