Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်ဒိုနီးရှားနိုင်ငံရှိ ပြင်းအား ၅.၆ အဆင့်ရှိသောငလျင်ကြောင့် အနည်းဆုံးလူ ၁၆၂ ဦးသေဆုံး

အင်ဒိုနီရှားနိုင်ငံအနောက်ဘက်ဂျာဗားပြည်နယ်တွင် နိုဝင်ဘာ၂၁ရက် ‌နေ့လည်ပိုင်းတွင် ပြင်းအား ၅.၆ အဆင့်ရှိသောငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေ ၁၆၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ၎င်းဒေသအစိုးရ Ridwan Kamil ကပြောကြားခဲ့သည်။

၎င်းမှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် လူ၃၂၆ဦး ပြင်းထန်စွာ ဒဏ်ရာအမျိုးမျိုးရရှိခဲ့ကြောင်းလည်းပြောသည်။

ငလျင်သည်အနောက်ဂျာဗားရှိ Cianjur ဒေသတွင် တနင်္လာနေ့က အနက် ၁၀ ကီလိုမိတာ ၆.၂ မိုင်တွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး USGS ၏အဆိုအရ သိရသည်။

၎င်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၃၇၈၂ ဦးသည် အိုးအိမ်စွန့်ခွာခဲ့ရပြီး အိမ်ခြေ ၂၃၄၅ ဆောင်ထက်မနည်း ပျက်စီးခဲ့သည်။

စာသင်ကျောင်း ၄ ကျောင်းနှင့် နေအိမ် ၅၂လုံးတိုမှာ ဆိုးရွာစွာပျက်စီးပြိုကျခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ BNPB ၏ ဒေသန္တရရုံးမှ သိရသည်။ ဗလီတစ်လုံးနှင့် ဆေးရုံတစ်ရုံလည်း ပျက်စီးခဲ့ကြောင်း အဆိုပါအေဂျင်စီမှ ပြောကြားခဲ့သည်။

ဆူနာမီအန္တရာယ် မရှိကြောင်းကို BNPB မှ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာတွင် ဖော်ပြထားသည်။

Cianjur ရှိ အစိုးရအရာရှိ Herman Suherman က ပြိုကျနေသော အဆောက်အအုံအပျက်အစီးများတွင် နေထိုင်သူတစ်ချို ပိတ်မိနေကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

ရုပ်သံလိုင်း Metro Tv တွင် ရာနှင့်ချီသော ဒုက္ခသည်များကို ဆေးရုံကားရပ်နားရာ နေရာများတွင် ကုသမှုခံယူနေကြရကြောင်း ဖော်ပြထားသည်။

လျှပ်စစ်ပြတ်တောက်မှုကြောင့် ပစ္စလာမ့်ဘော်ဒါကျောင်းတစ်ဆောင် ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။

Muchlis ဟုအမည်ရှိသူက သူ့ရုံးခန်း၏ မျက်နာပြင်ပြိုကျသွားသောကြောင့်တုန်လှုပ်သွားသည်ဟုဆိုသည်။

”ကျွန်တော်အရမ်းတုန်လှုပ်သွားတယ်၊နောက်ထပ်ငလျင်တစ်ခုထပ်လှုပ်တော့မှာကို ကျွန်တောစိုးရိမ်ပါတယ်” ဟု Muchils က Metro Tv သို့ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီး ၂ နာရီအကြာတွင် BMKG မှအထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းပါက နောက်ဆက်တွဲငလျင် ၂၅ ကြိမ်လှုပ်ခတ်နိုင်သောကြောင့် မြေပြိုမှုအန္တရာယ် ဖြစ်နိုင်ကြောင်းသတိပေးထားသည်။

အဆိုပါနေရာများတွင် ပိတ်မိနေသူများစွာရှိနေပြီး ဒဏ်ရာရသူများနှင့်သေဆုံးသူအရေအတွက်မှာအချိန်နှင့်အမျှ ထပ်တိုးလာနိုင်ဖွယ်ရှိသည်ဟု Kamil က တနင်္လာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပိတ်မိနေသူအချို့မှာ လတ်တလောတွင် ကယ်ဆယ်ရေးသမားများ လက်လှမ်းမမီနိုင်သေးဘဲ နောက်ဆက်တွဲ ငလျင်များထပ်မံလှုပ်ခတ် နိုင်ခြေရှိသည့် အခြေအနေတွင် ဖရိုဖရဲဖြစ်‌နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

လက်ရှိတွင် အစိုးရအာဏာပိုင်များသည် ဒုက္ခသည်များအတွက် ရွက်ဖျင်တဲများနှင့် အမိုးအကာများ ဆောက်လုပ်နေကြောင်း Kamil ကဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် မကြာခဏ ငလျင်လှုပ်ခတ်ခြင်းနှင့် မီးတောင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည့် ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ”မီးကွင်း”အဝိုင်းတွင်ရှိသည်။

ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု အများဆုံးဇုန်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် ပစိဖိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းရှိ ဂျပန်နှင့် အင်ဒိုနီးရှားတို့မှ ကာလဖိုနီုးယားနှင့် အမေရိကအထိဖြတ်ပြီး အခြားတစ်ဖက်တွင် ဖြန့်ကျက်ထားသည်။

၂၀၀၄ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမတြားကျွန်းအနီးတွင် ပြင်းအား ၉.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ဆူနာမီဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၆၀၀၀ခန့် သေဆုံးခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာအင်ဒိုနီးရှားနိုင်ငံမှဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ