Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့်အာဆီယံ ထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေး အဓိကထားပြီးဆွေးနွေးမည်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့်အာဆီယံ ထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေး အဓိကထားပြီးဆွေးနွေးမည်

ABN-နွယ်စိုး

မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံ၏ အကျပ်အတည်းကိစ္စများနှင့်ပတ်သက်၍ အဓိက ဆွေးနွေးသွားမည်ဟု သံတမန်များက ပြောကြားလိုက်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ကြိုတင်ပြင်ဆင်ထားသည့် အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်မူကြမ်းထဲတွင် အာဆီယံအနေနှင့် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်မှုများကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားသည်ဟု AFP သတင်းတွင် ဖော်ပြထား သည်။

အဆိုပါ ထုတ်ပြန်ချက်မူကြမ်းထဲ၌ မြန်မာ့နိုင်ငံရေးကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေထုတ်နိုင်မည့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများဖြစ်လာမည်ဆိုပါက အကြမ်းဖက်မှုများရပ်တန့်ခြင်းကသာ တခုတည်းသော အခင်းအကျင်းဖြစ်လိမ့်မည်ဟု ဖော်ပြထားသည်။

၄င်းအပြင် အကြမ်းဖက်မှုများရပ်တန့်ပြီး ဆွေးနွေးပွဲများဖြစ်လာမည်ဆိုသည့် အာဆီယံအဖွဲ့ကြီး၏ မြန်မာ့အရေး ဘုံသဘောထားတစ်ရပ်ကို ပြီးခဲ့သည့် ၂ နှစ်က ထုတ်ပြန်ထားခဲ့သော်လည်း လက်တွေ့ဖြစ်မလာသေးသည့်အတွက်ကြောင့် ဝေဖန်မှုများလည်း ရှိနေပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် အာဆီယံကတိုက်တွန်းနေချိန်တွင်ပင် အတိုက်အခံအဖွဲ့များထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ကောင်စီအနေနှင့် မြန်မာကိုယ်စားပြုပါဝင်ခွင့်နှင့် မြန်မာ့အရေးအာဆီယံဘုံသဘောထားကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက်‌ကြောင့် အာဆီယံအမြင့်ဆုံး ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏အကြီးအကဲများ ပါဝင်ခွင့်များကိုလည်း ပိတ်ပင်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ