Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုကျမှုကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၄၂ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုကျမှုကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၄၂ ဦးပျောက်ဆုံးနေ

ABN-နွယ်စိုး

အင်ဒိုနီးရှားနိုင်ငံတွင် မတ်လ ၆ ရက်‌နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုနှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၄၂ ဦးကို ကယ်ဆယ်ရေးသမားများသည် ယမန်နေ့က ရှာဖွေနေခဲ့ကြောင်း သဘာဝဘေးဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာ ၂ ခုမှာ ဝေးလံခေါင်သီကျွန်းအနီးနားတွင် နေထိုင်သော Genting ရွာနှင့် Pangkalanရွာတို့ဖြစ်ပြီး စစ်သားများနှင့် ရဲများအပါအဝင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းရှာဖွေခဲ့ရာ တောင်ကုန်းများမှ ရွံ့နွံများအောက်တွင် နစ်မြုပ်သွားသည့် အိမ် ၂၇ လုံး၌ ပိတ်မိနေသူ ၄၂ ဦး ဝန်းကျင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူဦးရေနှင့်ပတ်သက်၍ Natuna၏ သဘာဝဘေးအန္တရာယ် အေဂျင်စီက အင်္ဂါနေ့ နံနက်ပိုင်းတွင်သေဆုံးသူဦးရေ ၁၅ ဦးရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၈ ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီး ၄င်းတို့အထဲမှ ၄ ဦးမှာ ဒဏ်ရာပြင်းထန်းစွာရရှိသွားခဲ့ပြီး ဘော်နီယိုကျွန်းမှ Pontianak မြို့ရှိ ဆေးရုံသို့ ပိုဆောင်ထားကြောင်း ၄င်း၏ ဝတ်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုမြေပြိုကျမှုကြောင့် လူ‌ပေါင်း ၁၂၀၀ ကျော်အား ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Abdul Muhariက အာဏာပိုင်များသည် ထိခိုက်သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ အပြည်အစုံများကို စိစစ်နေကြောင်းပြောကြားခဲ့သည်။

၄င်းအပြင် ဆေးဘက်ဆိုင်ရာအဖွဲ့များအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များက ရွက်ဖျင်တဲများ၊ စောင်များ၊ အစားအစာများကို ရဟတ်ယာဥ်၂ စီးဖြင့် တင်ဆောင်၍ အကူအညီပေးရန် ထွက်ခွာသွားကြောင်းလည်း ၄င်းကပြောကြားခဲ့သည်။

‘’ဒဏ်ရာရသူတွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့သူတွေများလွန်းနေတာကြောင့် ကယ်ဆယ်ရေးပစ္စည်တွေ ပေးရာမှာ အခက်အခဲရှိပါတယ်” ဟု Muhariပြောကြားခဲ့သည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိုးရာသီဥတု ဖြစ်နေသည့်အတွက်ကြောင့်နှင့် ဆက်သွယ်ရေး လိုင်းများမှာလည်း ပြတ်တောက်သွားသည့်အတွက်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်နေကြောင်း ၄င်းက ပြောကြားခဲ့သည်။

မကြာသေမီးရက်များအတွင်းကလည်းလူသန်းပေါင်းများစွာနေထိုင်သည့် တောင်တန်းဒေသများနှင့် မြစ်အနီးအနားရှိ ကျွန်းပေါင်း ၁၇,၀၀၀ တွင် ပြင်းထန်းသည့် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလကလည်း အနောက်ဂျာဗားရှိ Cianjurမြို့တွင် ရစ်ချတာစကေး ၅.၆ ပြင်းအားရှိသော မြေငလျင်ကြောင့် အနည်းဆုံး လူ ၃၃၅ ဦးသေဆုံးခဲ့ရပြီး ၄င်းအထဲတွင် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ