Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် ဂိုဏ်းများကို ဖြိုခွင်းရန် စစ်တပ်အင်အား ၁၀၀၀၀ သုံးမည်ဟု အယ်ဆာဗေးဒိုး သမ္မတထုတ်ပြန်

အယ်ဆာဗေးဒိုး သမ္မတ ဘူခီးလီက ဒီဇင်ဘာလ ၃ ရက် စနေနေ့မှာ အယ်ဆာဗေးဒိုးနိုင်ငံ ဆန်ဆယ်ဗယ်လ်ဒိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ရာဇဝတ်ဂိုဏ်များကို ဖြိုခွင်းရန် စစ်တပ်အင်အား ၁၀၀၀၀ သုံးမည်ဟု ထုတ်ပြန်လိုက်သည်။

မြို့တော်သို့သွားသည့် လမ်းများအားလုံးကို ပိတ်ထားလိုက်ပြီး နိုင်ငံ့အထူးတပ်ဖွဲ့များက ရာဇဝတ်ဂိုဏ်များနှင့် ဆက်စပ်မှုရှိမရှိ မြို့တွင်းလူနေအိမ်များကို ရှာဖွေခြင်း၊ မြို့မှထွက်ရန်ကြိုးပမ်းသူများအား တားဆီးခြင်း၊ မှတ်ပုံတင်များကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိနေသည်။

ထိုစစ်ဆင်ရေးသည် ယခုနှစ်အစောပိုင်းက တရှိန်ထိုးမြင့်တက်ခဲ့သော အကြမ်းဖက်မှုများအတွက် ရာဇဝတ်ဂိုဏ်များကို ဖြိုခွင်းရန် အကြီးမားဆုံး စစ်ဆင်ရေးတစ်ခုဖြစ်လေသည်။

ဆိုယန်ပန်ဂိုမြို့သည် လူဦးရေ ၂၉၀,၀၀၀ကျော်နေထိုင်သည့် မြို့ကြီးတစ်မြို့ဖြစ်ပြီး ရာဇဝတ်မှုများနှင့် ပြည့်နှက်နေသော မြို့တော် ဆန်ဆယ်လ်ဗေးဒိုးမှ အနောက်ဖက် ၁၃ ကီလိုမီတာ (၃ မိုင်)အကွာတွင်တည်ရှိပြီး အယ်ဆာဗေးဒိုးနိုင်ငံ၏ အကြီးဆုံးမြို့ကြီးများထဲမှ တစ်မြို့လည်းဖြစ်သည်။

ယခုအချိန်မှာ ဆိုယန်ပန်ဂိုက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက မြို့ကိုဝိုင်းလိုက်ကြပါပြီ၊ စစ်တပ်နှင့် ရဲတပ်က ရွေးထုတ်ထားတဲ့ တပ်ဖွဲ့တွေကို အဲဒီမှာရှိနေတဲ့ ဂိုဏ်းဝင်တွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ဖို့ တာဝန်ပေထားပြီးဖြစ်ပါတယ် ဟု အယ်ဆာဗေးဒိုးသမ္မတ ဘူခီးလီက သူ၏ တွယ်တာလူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကျွန်တော်တို့က အကြမ်းဖက်တွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေအတွက်သာ စစ်ဆင်ရေးလုပ်တာပါ၊ ပြည်သူတွေအတွက် မဟုတ်ပါဘူး၊ ဒါ့ကြောင့် ပြည်သူတွေအနေနှင့် ကြောက်လန့်နေစရာမလိုပါဘူး ဟု ၎င်းက ထပ်လောင်းဖော်ပြထားခဲ့သည်။

အယ်ဆာဗေးဒိုးအစိုးရက ခန္ဓာကိုယ်တွင်တိုက်ခိုက်ရေးလက်နက်များနှင့် ရိုင်ဖယ်သေနတ်များတပ်ဆင်ထားသည့် မြို့ပြင်က အကြမ်းဖက်သမားများ၏ ဓာတ်ပုံများကိုထုတ်ဖော်ပြသခဲ့သည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် ဒေသခံတစ်ဦးက ယခုလို စစ်ဆင်ရေးပြုလုပ်လာတာက အလွန်ပင်အံ့သြစရာကောင်းကြောင်း AFP ကို ပြောခဲ့သည်။

သူတို့က ခင်ဗျားကိုရှာတယ်၊ ပြီးတော့ ခင်ဗျားဘယ်မှာနေတာလဲဆိုတာသိဖို့ မှတ်ပုံတင်စစ်ဆေးဖို့ တောင်းလိမ့်မယ်၊ ဒါပေမယ် ဒါက ကောင်းပါတယ်၊ ကျွန်တော်တို့အားလုံး လုံခြုံဖို့အတွက်လုပ်တာပဲဟု ၎င်းကဆိုသည်။

မစ္စတာ ဘူခီးလီ မတ်လက အရေးပေါ်ထုတ်ပြန်လိုက်သည့် အချိန်မှစကာ နိုင်ငံ၏ လူဦးရေ ၆.၅ မီလီယံထဲမှ လူဦးရေ ၅၈၀၀၀ ကျော်ကို အာဏာပိုင်များမှ ဖမ်းဆီးထားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များက ရာဇဝတ်မှုဖြိုခွင်းမှု၏ လေးနက်မှု သဘောတရားနှင့် ပြည်သူ့ရဲများကို သံသယရှိသူများအား ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခိုင်းခြင်းသည် အကြွင်းမဲ့အာဏာရှင် စနစ်ကို ကျင့်သုံးရာရောက်ကြောင်း ဝေဖန်ခဲ့ကြသည်။

သို့သော် မတ်လ ၂၆ ရက် တစ်ရက်တည်းတွင် လူသတ်မှု ၆၂ ခုအတွက် အပြစ်တင်ခံရသော ဂိုဏ်းများ၏ လူသတ်မှုဖြစ်စဉ်ကြီးဖြစ်ပွားပြီးနောက် ရာဇဝတ်မှုများကို ပို၍ ဖြိုခွင်းရန်လိုအပ်ကြောင်း မစ္စတာ ဘူခီးလီ၏ မဟာမိတ်များက ပြောဆိုခဲ့ကြသည်။

Central American University (UCA)တွင် မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဆိုယန်ပန်ဂိုမြို့သူမြို့သားများ၏ ၇၅.၉ ရာခိုင်နှုန်းမှာ နိုင်ငံ့အရေးပေါ်အခြေအနေကို သဘောတူ ထောက်ခံခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ