
AB News – အောက်တိုဘာ ၂၁၊ ၂၀၂၅
နွယ်စိုး
အကြမ်းဖက်သမားများအား လက်ခံထားသော ဗင်နီဇွဲလား သမ္မတ Nicols Maduro ကို ရှင်းလင်းရန် အမေရိကန် အထူးတပ်ဖွဲ့ဝင် ၁ သောင်းနှင့် နျူကလီးယားဗုံးကြဲလေယာဉ်များအပါအဝင် စစ်အင်အားအပြည့်အစုံကို ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်သို့ စေလွှတ်လိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုသည် အကြမ်းဖက်သမားများကိုလက်ခံထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မူးယစ်ဂိုဏ်းများနောက်ကွယ်က အဓိကကြိုးကိုင်သူအဖြစ် အမေရိကန်က စွပ်စွဲထားသော သမ္မတတစ်ဦးလည်း ဖြစ်သည်။
၎င်းအား ရှင်းလင်းရန်အတွက် ယခင် အယ်ကိုင်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့သော Night Stalkers အထူး ကွန်မန်ဒိုတပ်သား ၁၀၀၀၀ ကို ဗင်နီဇွဲလားသို့ ထရမ့်က စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းက နိုင်ငံတကာ ရေပိုင်နက်ထဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော ဗင်နီဇွဲလားသင်္ဘော ၆ စီးကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်လို့ “အမေရိကန်ဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်တာ ဖြစ်တယ်” လို့ ဗင်နီဇွဲလားနှင့် ကိုလံဘီယာနိုင်ငံတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချခဲ့ကြသည်။
အမေရိကန်ထောက်လှမ်းရေးများ၏ အတည်ပြုချက်အရ အဆိုပါသင်္ဘောများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးနေသော သင်္ဘောများဖြစ်ပြီး အကြမ်းဖက်သမားများနှင့်လည်း ဆက်စပ်နေကြောင်း တုံ့ပြန်လိုက်သည်။
“ဗင်နီဇွဲလားကို မကြာခင် မြေပြင်တိုက်ခိုက်မှု ပြုလုပ်သွားဖို့ ရှိတယ်” လို့လည်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။
ဗင်နီဇွဲလား သမ္မတသည် ၎င်းတို့နိုင်ငံက အကျဉ်းသားများကို နယ်စပ်ကတဆင့် အမေရိကန်နိုင်ငံထဲသို့ ပို့နေ၍ မူးယစ်ဆေးဝါးကုန်ကူးနေသည့်အတွက် ဗင်နီဇွဲလားကို တိုက်ခိုက်သွားမည်ဖြစ်ပြီး အဆိုပါစစ်ဆင်ရေးလုပ်ဖို့ကိုလည်း CIA က မီးစိမ်းပြထားသည်ဟု သမ္မတထရမ့်က ထပ်လောင်း ပြောဆိုထားသည်။