Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်မှုများ လျှော့ချရန် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်များတိုက်တွန်း

ABN-ရှိုင်းမိုး

မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးပါဝင်နိုင်သည့် အမျိုးသားအဆင့်ဆွေးနွေးပွဲကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့က အဓိကအချက်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီကပြောသည်။

ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှာ သက်ဆိုင်သူများ အားလုံး‌ပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ဆွေးနွေးခဲ့​ကြခြင်းဖြစ်သည်။

မြန်မာ့‌အရေးကြောင့် ဓားစာခံလိုချုပ်နှောင်ခံထားရတာမျိုး မဖြစ်စေရဟု အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကပြောကြောင်းလည်း ရိုက်တာ သတင်းတွင်ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ၂ရက်တာ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲတွင် မြန်မာ့အရေးကိုသာ အလေးအနက်ထားပြီးပွင့်လင်းမြင်သာစွာဆွေးနွေးကြမည်ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံမှာအကြမ်းဖက်မှုများကိုလျှော့ချပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ခွင့်ပြုပေးမည်ဆိုပါက ဆွေးနွေးပွဲများ စတင်နိုင်မည့် အဓိကအချက်ဖြစ်လာမည်ဟု နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောသည်။

မြန်မာစစ်ကောင်စီဘက်က မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် အာဆီယံ ဘုံသ‌ဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည်ဟု အာဆီယံခေါင်းဆောင်များကြား စစ်ခေါင်းဆာင်မင်းအောင်လှိုင် ဝေဖန်ခံနေရသည်။

တဖက်တွင်လည်း အာဆီယံက ​မြန်မာနိုင်ငံ အကျပ်အတည်းကို “ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ” ဆိုသည့် မေးခွန်းတွေကိုရင်ဆိုင်နေကြရသည်။

ထို သောကြာနေ့က ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးကို မြန်မာကိုယ်စားလှယ်အား တက်ရောက်ခွင့်မပေးခဲ့ပေ။

အကြမ်းဖက်မှုများ လျှော့ချရန် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်များတိုက်တွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ