သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်မြန်မာရေတပ်၏  ထိုင်းရေလုပ်သားများအား တိုက်ခိုက်ခဲ့မှုအပေါ် ထိုင်းအစိုးရကန့်ကွက်

AB News-ဒီဇင်ဘာ၂၊၂၀၂၄

အကြမ်းဖက်မြန်မာရေတပ်၏ ထိုင်းငါးဖမ်းစက်လှေနှင့် ရေလုပ်သားများအား တိုက်ခိုက်ဖမ်းဆီးမှုအပေါ်ထိုင်းအာဏာပိုင်များက ကန့်ကွက်ကြောင်း ထိုင်းသတင်းဌာနအချို့တွင်ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်းရေလုပ်သား ၄ဦးလွတ်မြောက်ရန် စေ့စပ်ညှိနှိုင်းရန် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်း-မြန်မာနယ်ခြားကော်မတီမှ ထိုင်းတာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာနာတစ်ဆာဝမ်ဆန်က ပြောကြားထားသည်။

​မြန်မာရေတပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသောထိုင်းရေလုပ်သား ၄ဦးအပါအဝင် ငါးဖမ်းလှေကို ရက်အနည်းငယ်အတွင်း လွှတ်ပေးမည်ဟု ထိုင်းအာ ဏာပိုင်များက မျှော်မှန်းနေကြောင်းနှင့် မြန်မာရေတပ်၏ ပစ်ခတ်မှုဖြစ်စဥ်အား စုံစမ်းစစ်ဆေးနေ​​ကြောင်း ၄င်းကဆိုထားသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန်နှင့် ထိုင်းရေလုပ်သားများအား ချက်ချင်း လွှတ်ပေးရေး တောင်းဆိုရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ဆန်ဂီယန်ပွန်ဆာက ဘန်ကောက်မြို့ရှိ မြန်မာစစ်ကောင်စီသံအမတ်ကို ဆင့်ခေါ် ခဲ့သည်။

ယင်းအပြင် ဝန်ကြီးချုပ်ရှင်နာဝပ်ကအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်လက်များကိုစုံစမ်းရှာဖွေနေပြီး ဖမ်းဆီးခံထားရသည့် ၃၁ဦးထဲတွင် ပါဝင်သော ထိုင်းနိုင်ငံသား ၄ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံကလုပ်ဆောင်နေကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ထိုင်းငါးဖမ်းလှေတွေက မြန်မာရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသလား” ဟု သတင်းထောက်များက  မေးမြန်းရာမှာ ထိုင်းဝန်ကြီးချုပ်က ” မြန်မာရေပိုင်နက်ထဲကို ကျူးကျော်ခြင်းဆိုသည်မှာ ခိုင်လုံမှုမရှိပါဘူးဟု”ပြောကြားပြီး” ​ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်   အကြမ်းဖက်မှုကို  ကျွန်တော်တို့ မထောက်ခံပါဘူး” ဖြေကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာရေတပ်၏ အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး ထိုသို့အခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်သော  စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ချင်းရိုင်ပြည်နယ်မှာ တနင်္ဂနွေနေ့ က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ