Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဟွန်ဒူးရပ်စ် အမျိုးသမီးအကျဉ်းထောင်တခုတွင် အဓိကရုဏ်းဖြစ်ပွား၍ အကျဉ်းသူ အမျိုးသမီး ၄၁ ဦးထက်မနည်း သေဆုံး

ဟွန်ဒူးရပ်စ် အမျိုးသမီးအကျဉ်းထောင်တခုတွင် အဓိကရုဏ်းဖြစ်ပွား၍ အကျဉ်းသူ အမျိုးသမီး ၄၁ ဦးထက်မနည်း သေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၂၁ရက်

ဇွန်လ ၂၀ရက်နေ့က ဟွန်ဒူးရပ်စ်နိုင်ငံရှိ အမျိုးသမီးအကျဉ်းထောင်တစ်ခုတွင် ပြင်းထန်သည့်အဓိကရုဏ်းတခုဖြစ်ပွားခဲ့ရာ အကျဉ်းသူပေါင်း ၄၁ ဦးကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

ဟွန်ဒူးရပ်စ်မြို့တော် တီဂူးဆီဂါ့လ်ပါ၏ အနောက်မြောက်ဘက် မိုင် ၃၀ လောက်အကွာရှိ တမားရာအမျိုးသမီးအကျဉ်းထောင်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကို အကျဉ်းထောင်အတွင်းမှ မာရာဂိုဏ်းသားများက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ရှီရာမာရာကတ်စထရို က ပြောသည်။

အဓိကရုဏ်းအတွင်း သေဆုံးခဲ့သည့် အကျဉ်းသူ ၄၁ ဦးရှိပြီး ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူ ၇ ဦးကို တီဂူးဆီ ဂါ့လ်ပါမြို့ ဆေးရုံတွင် ဆေးကုသပေးနေကြောင်း ဟွန်ဒူးရပ်စ်အမျိုးသားရဲစုံစမ်းစစ်ဆေးရေးအေဂျင်စီပြောခွင့်ရ Yuri Mora ကဆိုသည်။

သေဆုံးသူများထဲရှိ ၂၆ ဦးမှာ မီးလောင်၍သေဆုံးခဲ့ခြင်းဖြစ်ပြီး တခြားသူများမှာ သေနတ်ပစ်ခံရခြင်းနှင့် ဓားထိုးခံရခြင်းများကြောင့်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဓိကရုဏ်းမဖြစ်ပွားမီက မာရာဂိုဏ်းသားတချို့သည် အကျဉ်းထောင်အတွင်းတွင် ပစ္စတိုသေနတ်များနှင့် ဓားများကို အမှိုက်ပုံ ထဲတွင် ကြိုတင်ဝှက်ထားခဲ့ပြီး အကျဉ်းခန်းတခုကို ဖောက်ထွင်းဝင်ရောက်ကာ တခြားအကျဉ်းသားများအား ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဟွန်ဒူးရပ်စ်နိုင်ငံတွင် ၂၀၀၃ ခုနှစ်ကစ၍ မာရာဂိုဏ်းသားများကိုနှိပ်ကွပ်သည့်အနေနှင့် နိုင်ငံ၏ရာဇ၀တ်ကျင့်ထုံးကို ပြုပြင်ပြောင်းလဲ၍ ဂိုဏ်းအဖွဲ့ဝင်များကို ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၃၀ သို့ တိုးမြှင့်ချမှတ်ထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ