Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဟောင်ကောင်တွင် ၂ ရက်ဆက်တိုင်း အဆက်မပြတ် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားက လူ ၈၃ ဦးပြင်းထန်ဒဏ်ရာရ

ABN-နွယ်စိုး

စက်တင်ဘာ ၈ ရက်

ဟောင်ကောင်၌ ၂ ရက်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေကာ လမ်းများ၊ မီးရထားဘူတာရုံများ၊ ကျောင်းများအကုန်ပိတ်ထားရကြောင်းနှင့် လူ ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟောင်ကောင် အာဏာပိုင်များက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ ည ၁၁ နာရီမှ သောကြာနေ့ ညသန်းခေါင်ယံအထိ ဟောင်ကောင်အတွင်းရှိ မြို့အချိိို့မှာ မိုးရေချိန် ၁၅၈.၁ မီလီမီတာရှိကြောင်း ဟောင်ကောင်စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်မှုကြောင့်ဟောင်ကောင်မြို့၏ နေရာအနှံ့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ကာ အာဏာပိုင်များအနေဖြင့် ကျောင်းများပိတ်ပစ်ရန်နှင့် အလုပ်သမားများကို အိမ်မှာနေကြရန် ပြောဆိုထားသည်။

“မိုးသည်းထန်စွာရွာသွန်းပါက ရုတ်တရက် ရေကြီးမှုများ ဖြစ်လာနိုင်သည်” ဟု အဆိုပါ စောင့်ကြည့်လေ့လာရေးဌာနက သတိပေးထား၍ မြစ်များနှင့် နီးကပ်စွာ နေထိုင်သူများသည် ရာသီဥတု အခြေအနေကို သတိရှိရှိ နေထိုင်သင့်ပြီး ၎င်းတို့၏ နေအိမ်များ ရေလျှံပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စဉ်းစားသင့်ကြောင်း ထိုဌာနက တိုက်တွန်းပြောဆိုထားသည်။

ထိုရေကြီးမှုများနှင့်ပတ်သက်၍ အွန်လိုင်းပေါ်၌ ပျံနှံ့နေသော ဗီဒီယိုဖိုင်များတွင် တောင်ကုန်းစောက်များပေါ်မှ ရေများ တဟုန်ထိုး တက်လာခြင်း၊ ကျဉ်းမြောင်းသော လမ်းများတွင် ရေလျှံခြင်း၊ ကုန်တိုက်များ၊ မက်ထရိုဘူတာများနှင့် ဥမင်လိုဏ်ခေါင်းများ ရေနစ်မြုပ်နေသည်ကို ပြသထားသည်။

မိုးလေဝသဗျူရိုက အမြင့်ဆုံး “အနက်ရောင်” မိုးသက်မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်၏ အဓိကကျွန်း၊ Kowloon နှင့် အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ညနေပိုင်းမှစကာ မိုးရေချိန် ၂၀၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်ဟု ထိုဌာနက ပြောကြားခဲ့သည်။

အနက်ရောင် မိုးသက်မုန်တိုင်းသတိပေးချက်သည် နေ့လည် ၁ နာရီ ၂၀ မိနစ်တွင် ဆက်လက်တည်ရှိနေပါသည်။

မုန်တိုင်းကြောင့် ဟောင်ကောင်ဈေးကွက်အချို့တွင်လည်း အရောင်းအဝယ်များ ဆိုင်းငံ့ခဲ့သည်။

မြို့တော်ခေါင်းဆောင် ဂျွန်လီက နယ်မြေအများစုတွင် ပြင်းထန်သော ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်းနှင့် ဌာနအားလုံးကို အစွမ်းကုန် တုံ့ပြန်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

Wong Tai Sin ခရိုင်ရှိ ဘူတာရုံတစ်ရုံ ရေလျှံပြီးနောက် အခြား ဘူတာရုံအချို့လည်း ထိခိုက်ခဲ့ပြီး မြို့တော်၏ အမြောက်အမြား သယ်ယူပို့ဆောင်းရေး ပြေးဆွဲမှုကို ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။

ရေကြီးရေလျှံမှုနှင့် ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကြောင့် ကျောင်းအားလုံးကိုယနေ့ သောကြာနေ့တွင် ဆိုင်းငံ့ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။

အလားတူ စက်တင်ဘာလ ၅ ရက်နေ့မှစက ယနေ့ ၈ ရက်နေ့အထိ တရုတ်နိုင်ငံတောင်ပိုင်းရှိ Fujianပြည်နယ်နှင့် Fuzhouတို့တွင် ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တိုင်ဖွန်မုန်တိုင်း Haikui တိုက်ခတ်ခဲ့ကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့၍ ကျောင်းများ၊ မြေအောက်ရထားများ ပိတ်ထားခဲ့ရသည်။

ယင်းအပြင် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်များထဲက တစ်ခုဖြစ်သည့် Guangdong ၏ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် စနေနေ့အစောပိုင်းအထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဟု တရုတ်မိုးလေဝသဌာနက ပြောကြားထားသည်။

Ref-CNA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ