Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဟောင်ကောင်တွင် အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံး တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ရာချီသည့် လေကြောင်းခရီစဥ်များကို ဖျက်သိမ်းလိုက်ရပြီး၊ ကျောင်းများ၊ စျေးများ၊ နှင့် စီးပွားလုပ်ငန်းများကိုပါ ရပ်နားထားရ

ဟောင်ကောင်တွင် အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံး တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ရာချီသည့် လေကြောင်းခရီစဥ်များကို ဖျက်သိမ်းလိုက်ရပြီး၊ ကျောင်းများ၊ စျေးများ၊ နှင့် စီးပွားလုပ်ငန်းများကိုပါ ရပ်နားထားရ

ABN-နွယ်စိုး

စက်တင်ဘာ ၁ရက်

ဟောင်ကောင်နိုင်ငံတွင် အင်အားပြင်းတိုင်ဖွန် မုန်တိုင်း ၃လုံး Saola ၊Haikui၊ Kirogiတို့ ယနေ့သောကြာနေ့တွင် တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် လေကြောင်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် ဈေးကွက်များကို ပိတ်ပစ်ရန် အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံးကြောင့် ဟောင်ကောင်ရှိ၊ Guangdong ပြည်နယ်နှင့် Hong Kong တို့တွင် ရာနှင့်ချီသော လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားသည်။

အပူပိုင်းတိုင်ဖွန် မုန်တိုင်း ၃ လုံးသည် အနောက်မြောက် ပစိဖိတ်သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နေပြီး Saola နှင့် Haikui တို့သည် တိုင်ဖွန်းမုန်တိုင်းဟု အမည်တပ်ထားပြီး kirogi သည် အပူပိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

Saola ၏ လေတိုက်နှုန်းမှာ ၂၀၀ kph (တစ်နာရီ ၁၂၅ mph) ကျော်ရှိပြီး ဟောင်ကောင်ကို လွှမ်းခြုံထားသည့် Guangdong အရှေ့ဘက်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားနေသည်။

ထိုမုန်တိုင်းသည် ၁၉၄၉ ခုနှစ်က Guangdong ကို ဝင်ရောက်တိုက်ခတ်ခဲ့သော အပြင်းထန်ဆုံး တိုင်ဖွန်မုန်တိုင်း ငါးခုထဲက တခု ဖြစ်နိုင်ကြောင်း တရုတ်အာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

Saola သည် သောကြာနေ့ည သို့မဟုတ် စနေနေ့ နံနက်ပိုင်းတွင် Huidong မှ Taishan ကမ်းရိုးတန်းတစ်လျှောက် ပြင်းထန်သော တိုင်ဖွန် မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားနိုင်ကြောင်း တရုတ်အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါ တိုင်ဖွန်Saolaမုန်တိုင်းသည် ဟောင်ကောင်နှင့် အိမ်နီးချင်းဖြစ်သည့် မကာအို၏ ကမ်းရိုးတန်း၌ အလယ်ဗဟိုတွင် တည်ရှိသည်။

ထိုတိုင်ဖွန် မုန်တိုင်းများသည် ကုန်းတွင်းပိုင်းသို့ဝင်ရောက်လာသည်နှင့်အမျှ ရာသီဥတုအခြေအနေများ လျင်မြန်စွာဆိုးရွားလာမည်ဖြစ်ကြောင်း ဟောင်ကောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားပြီး သောကြာနေ့တွင် ဆိုင်ကလုန်းသတိပေးချက်အချက်ပြမှုများကို ပိုမိုမြင့်မားစွာထုတ်ပြန်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

ဟောင်ကောင်ရှိ အချို့နေရာများတွင်လည်း ရေပမာဏသည် ပုံမှန်ဒီရေချိန်ထက် ၃ မီတာ (၁၀ ပေ) ဝန်းကျင်အထိ မြင့်တက်နေသဖြင့် ဆိုးရွားစွာ ရေကြီးနိုင်ဖွယ်ရှိသည်။

ယင်းအပြင် ဟောင်ကောင်ရှိ စာသင်ကျောင်းများအားလုံးကိုလည်းယနေ့ သောကြာနေ့တွင် ပိတ်ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။

“တိုင်ဖွန်းမုန်တိုင်းရဲ့ လေဆင်နှာမောင်းတွေကဟောင်ကောင်ကို ဖြတ်ကျော်သွားမယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ နည်းနည်းတော့ စိုးရိမ်မိပြီး အသေအပျောက်အများကြီးတော့ မဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု မြို့တော်အရှေ့ဘက် Heung Fa Chuen ဧရိယာမှ အသက် ၅၈ နှစ်ရှိ Wai Yi က ပြောသည်။ .

ယင်းအပြင် Shenzhen မြို့နှင့် Guangzhouမြို့တို့တွင်လည်း ကျောင်းများပိတ်ထားရပြီး အလုပ်၊ စီးပွားရေးနှင့် ဈေးများကိုပါ ယနေ့သောကြာနေ့နံနက်ပိုင်းတွင် ရပ်ဆိုင်းထားပြီး ဟောင်ကောင်၏ အဝင်အထွက် ပျံသန်းမှုအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း မြို့တော်၏ အထင်ကရ လေကြောင်းလိုင်း Cathay Pacific က ပြောကြားခဲ့သည်။

သောကြာနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ် တွင် Zhuhai နှင့် Shenzhen လေဆိပ်များမှ ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း Flight Master မှ အချက်အလက်များအရ သိရသည်။

အာဏာပိုင်များအနေဖြင့် ခရိုင်အတွင်းနှင့်အပြင်ရှိ ရထားအားလုံးကို ယနေ့ သောကြာနေ့ည ၈ နာရီ မှ စကာ စနေနေ့ ညနေ ၆ နာရီ အထိ ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားကိုလည်း သယ်ယူပို့ဆောင်ရေးအတွက် ဘေးကင်းစေရန်ယနေ့ သောကြာနေ့ ညနေ ၃နာရီ ၃၀ တွင် ပိတ်ထားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ Southern Metropolis Daily ဖော်ပြထား၍ တံတားဖွင့်လှစ်မည့်ရက်ကို ပြောကြားခြင်းမရှိသေးဟု ဒေသဆိုင်ရာ Southern Metropolis Daily က ဖော်ပြခဲ့သည်။

မကာအို မိုးလေဝသ စောင့်ကြည့်ရေးဌာနက သောကြာနေ့ နေ့လည် ၂ နာရီတွင် တိုင်ဖွန်မုန်တိုင်း၏ လေတိုက်နှုန်း သတိပေးချက် အဆင့် ၈ သို့ မြှင့်တက်သွားမည်ဟု ပြောကြားထားပြီး စနေနေ့ နံနက်အစောပိုင်းတွင်လည်း လေတိုက်နှုန်း ၁ဝအထိမြှင့်တက် နိုင်သည်ဟု ဆိုသည်။

ထို့အပြင် တိုင်ဖွန် မုန်တိုင်းHaikui သည် ထိုင်ဝမ်သို့ ချဉ်းကပ်လာနိုင်ဖွယ်ရှိပြီး တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fuzhou မြို့သို့မထွက်ခွာမီ ကျွန်း၏ မြောက်ဘက်ပိုင်း၏ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသဌာနမှ ပြောကြားခဲ့သည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ