Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဟောင်ကောင်တွင် ဂိုဒေါင်မီးလောင်မှုကြောင့် လူ ပေါင်း ၃၆၀၀ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဟောင်ကောင်တွင် ဂိုဒေါင်မီးလောင်မှုကြောင့် လူ ပေါင်း ၃၆၀၀ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ABN-နွယ်စိုး

ဟောင်ကောင်တွင် သောကြာနေ့က ဂိုဒေါင်တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ကျောင်းသား များအပါအဝင် လူပေါင်း ၃၆၀၀ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြိး ထိုမီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းကို မီးသတ်သမားများက စုံးစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

kowloon ရှိလူနေရပ်ကွက်နှင့် စက်မှုဇုန်ရှိ Cheung Sha Wan မှ Fat Tseungလမ်းက ဂိုဒေါင်တစ်ခု၌ သောကြောနေ့ နေ့လည် ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၈ နာရီ ၄၀ မိနစ်တွင် မီးငြိမ်သွားကြောင်း အစိုးရက ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် စာသင်ကျောင်း ၄ ကျောင်းမှ ကျောင်းသားများ အပါအဝင် လူပေါင်း ၃၆၀၀ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တိုင်းရဲတပ်ဖွဲ့မှုး Wong Wai-Yinက ပြောကြားခဲ့သည်။

ထိုမီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မီးပွားအချို့နှင့် ဆက်နွှယ်နေသည်ဟု သံသယရှိခဲ့သော်လည်း အကြောင်းရင်းကို ဆက်လက်စစ်‌ဆေးရန် လိုအပ်ကြောင်း မီးသတ် ဌာနမှ ဌာနခွဲအရာရှိ Wilson Kongက ပြောကြားခဲ့သည်။

ထိုဂိုဒေါင်တွင် မီးလောင်လွယ်သည့် ပစ္စည်းများရှိပြီး ရေဖျန်းစနစ်များ အပါအဝင် မီးသတ်ပစ္စည်းများ ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။

၄င်းအပြင် အရေးပေါ်လူနာတင်ယာဥ်မှ ကမ်ဟော့လိုင်က လူ ၁ ဦး မီးခိုငွေ့များ ရှူရှိုက်မိပြီးနောက် နာမကျန်းဖြစ်ပြီးခဲ့ကြောင်း၊ အခြားတစ်ဦးမှာ လက်တွင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မီးသတ်သမား ၃ ဦးလည် ဖျားနာခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိမှာ အခင်းဖြစ်ပွားသည်နေရာတွင် အစိုးရက ယာယီတဲများ ဖွင့်လှစ်ထားပြီး မီးခိုးနှင့် အနံ့ဆိုးများ ခံစားရလျှင် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ရန် ပြည်သူများအား အကြံပြုခဲ့သည်။

News Source-AP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဟောင်ကောင်တွင် အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံး တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ရာချီသည့် လေကြောင်းခရီစဥ်များကို ဖျက်သိမ်းလိုက်ရပြီး၊ ကျောင်းများ၊ စျေးများ၊ နှင့် စီးပွားလုပ်ငန်းများကိုပါ ရပ်နားထားရ