Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဟားမတ်စ်က ဓားစာခံအဖြစ် အစ္စရေးများနှင့်နိုင်ငံခြားသားများအပါအဝင် လူ ၁၅၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစ္စရေးအာဏာပိုင်များ အတည်ပြု ပြောကြား

ဟားမတ်စ်က ဓားစာခံအဖြစ် အစ္စရေးများနှင့်နိုင်ငံခြားသားများအပါအဝင် လူ ၁၅၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစ္စရေးအာဏာပိုင်များ အတည်ပြု ပြောကြား

ABN-နွယ်စိုး

အောက်တိုဘာ၁၇ ရက်

ဟားမတ်စ်သည် အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုအပြီးတွင် ဓားစာခံအဖြစ် အစ္စရေးများနှင့်နိုင်ငံခြားသား အပါအဝင်လူ ၁၅၅ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အာဏာပိုင်များ အတည်ပြု ပြောကြားခဲ့သည်။

၎င်းတို့ထဲတွင် အသက် ၈၃ နှစ်အရွယ်အစ္စရေးသတင်းထောက် Oded lifshitzတစ်ဦးနှင့် သူ့၏လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ပါလက်စတိုင်းအခွင့်အရေးများကို အသိအမှတ်ပြုရန် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့သော အသက် ၈၅ နှစ် အရွယ် Yochevလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းခံခဲ့ရသည်။

Oded သည် နှစ်ပေါင်းများစွာ Al Hamishmarသတင်းစာ၌ ရေးသားခဲ့ပြီး၁၉၇၂ ခုနှစ်က Egypt နိုင်ငံ၏ Sinai မြို့မှ အာဏာပိုင်များသည် ပါလက်စတိုင်း ရှိRafahမြစ်နားက Bedouinနယ်မြေများကိုသိမ်းပိုက်၍ ဒေသခံများကို နှင်ထုတ်ခဲ့သည်။ အဆိုပါ ဒေသခံ များအတွက် ကာကွယ်ရေး ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သည်။

ယင်းအပြင် Odedသည် ၁၉၈၂ခု နှစ် စက်တင်ဘာလအတွင်း Beirut ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းများတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြောင်း သတင်းရေးသားခဲ့သည့် သတင်းထောက်တစ်ယောက်လည်း ဖြစ်ခဲ့သည်။

အခြားသော ဓားစာခံများကို ပါလက်စတိုင်း သေနတ်သမားများက ၄င်းတို့၏နေအိမ်မှခေါ်ဆောင်သွားခြင်းခံခဲ့ရပုံဖြစ်ကြောင်းနှင့် ဂီတပွဲတော်သို့ ဝင်တိုက်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပုံဖြစ်ကြောင်း The Guardianသတင်းဌာနတွင် ဖော်ပြထားသည်။

ဓားစာခံဟု ယူဆရသည့် ထိုအထဲမှ ဂျာမန်ရှစ်ဦး၊ အမေရိကန် နိုင်ငံသား ငါးဦး၊ မက္ကဆီကန်နိုင်ငံသား နှစ်ဦးနှင့် အစ္စရေးနိုင်ငံသား အများအပြား ပါဝင်သည်။

ဂါဇာတွင် ဟားမတ်စ်များက ဂျာမနီ ၈ ဦးကိုဓားစာခံအဖြစ်ချုပ်နှောင်ထားကြောင်း ဂျာမနီအစိုးရက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူအသက် ၂၂နှစ်အရွယ် Shani Louk ၏မိခင်က လက်နက်ကိုင်အမျိုးသားများအပြည့်ဖြင့် ဂါဇာရှိ ပစ်ကပ်ထရပ်ကားတစ်စီးနောက်ဘက်တွင် သတိလစ်နေပုံရပြီး မှောက်လျက်လှဲလျောင်းနေသည့် အမျိုးသမီးတစ်ဦး အွန်လိုင်းတွင်ဗီဒီယိုများဖြင့်တက်လာချိန် သူမ၏ သမီးဖြစ်ကြောင်း Der Spiegel သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၈ နှစ်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပြောင်းရွှေ့ခဲ့သော အမေရိကန်အမျိုးသမီး Abbey Onn က မိသားစုဝင် ၅ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယခုသီတင်းပတ်အစောပိုင်းက CBS News သို့ ပြောကြားခဲ့သည်။

၄င်းတို့သည့် Ofer Kalderon အသက် ၅၀ နှစ်၊ Sahar Kalderon အသက် ၁၆နှစ်၊ Noya Dan အသက် ၁၃ နှစ်၊ Erez Kalderonအသက် ၁၂နှစ်နှင့် Carmela Dan အသက် ၈၀ တို့ဖြစ်ကြသည်။

တိုက်ခိုက်မှုအပြီး အစ္စရေးတွင် ပျောက်ဆုံးနေသူ မိသားစုများနှင့်ပတ်သက်လို့ အချက်အလက်များကို ပြောကြားရန် Voices for Hostages အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့သည်။

ဟားမတ်စ်တိုက်ခိုက်မှုအပြီး ချက်ချင်းဆိုသလိုပင် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များသည် တီဗီ၊ ရေဒီယိုနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၎င်းတို့၏ ဆွေမျိုးများ တည်နေရာအချက်အလက်များကို ရှာဖွေရန်အတွက် ဖြစ်နိုင်သမျှ အဆက်အသွယ်တိုင်းကို ဖုန်းခေါ်ဆိုခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ၂ရက်က အစ္စရေးနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဥရောပကော်မရှင်ခေါင်းဆောင် Ursula von der Leyen က ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူ ၁၅၅ယောက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ကာ အီးယူနိုင်ငံသား ၁၀၀၀ လည်း ဂါဇာတွင် ပိတ်မိနေသည်ကို အလွန်စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့ပြီး ထို၁၀၀၀ထဲဲမှ အချို့သည် NGOအဖွဲ့ များနှင့် အစိုးရအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်။

ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်စီးနင်းစဉ်အတွင်း ဓားစာခံအချို့၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က သက်သေအထောက်အထား မပြဘဲ ပြောကြားခဲ့ပြီး အရပ်ဘက်ပစ်မှတ်များကို အစ္စရေးအနေဖြင့် တိုက်ခိုက်မှုပြုလုပ်ပါကာ လက်တုံ့ပြန်သည့်အနေဖြင့် ဓားစာခံများကို သတ်ပစ်မည်ဟု သတိပေးထားသည်။

Ref-The Guardian

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ