
အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်တွင် ပြည်ပကျောင်းသားများ ကျောင်းအပ်နှံခြင်း လက်မခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ က ဟားဗတ်တက္ကသိုလ်ကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
ညွှန်ကြားချက်အရ ဟားဗတ်တက္ကသိုလ်ရှိ နိုင်ငံတကာကျောင်းသားများ အခြားတက္ကသိုလ် တစ်ခုသို့ ရွှေ့ပြောင်းရန် သို့မဟုတ် အမေရိကန်နိုင်ငံတွင် ၎င်းတို့၏ ဥပဒေရပိုင်ခွင့်များ ဆုံးရှုံးမည်ဟု ဆိုထားသည်။
အမေရိကန် လုံခြုံရေးဝန်ကြီး Kristi Noem က ဟားဗတ်တက္ကသိုလ် အုပ်ချုပ်ရေးမှူးများသည် အကြမ်းဖက်မှုနှင့် ဂျူးများအပေါ် ခွဲခြားဆက်ဆံမှုများ အရှိန်မြှင့်နေပြီး တရုတ် ကွန်မြူနစ်ပါတီနှင့် လက်တွဲလုပ်ဆောင်နေသည်ဟု ၎င်းက စွပ်စွဲထားသည်။
အမေရိကန်နိုင်ငံရှိ အခြားတက္ကသိုလ်များလည်း အလားတူ ပိတ်ပင်မှုမျိုး ရင်ဆိုင်ရနိုင်သည်ဟု Kristi Noem က သတိပေးခဲ့သည်။
krisit Noem၏ ပြောကြားချက်သည် ဥပဒေနှင့် မညီညီညွတ်ဟု ဟားဗတ်တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောထားပြီး ဟားဗတ်တက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသနကိုသာမက အမေရိကန်တစ် နိုင်ငံလုံးကို ခြိမ်းခြောက်နေကြောင့် ၎င်းက ဆိုသည်။
တက္ကသိုလ်အာဏာပိုင်များအနေဖြင့် ဂျူးများအပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးကို အလုံအ လောက် လုပ်ဆောင်ခြင်းမရှိဟုဆိုကာ အမေရိကန်အစိုးရသည်ယခင်က ဟားဗတ်တက္ကသိုလ်၏ ရန်ပုံ ငွေများကို ထိန်းချုပ်ခဲ့သည်ဟု ၎င်းက ပြောကြား ထားသည်။