သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သရက်ချောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးကို စစ်ကော်မရှင်တပ် ဖမ်းဆီးသတ်ဖြတ်

AB News – မတ် ၁၊ ၂၀၂၆

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာအနီးတွင်အကြမ်းဖက် စစ်တပ်မှ အမျိုးသမီး ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး ကိုဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း KNU မှ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခလရ (၄၀၉) မှ စုံစင်ဖျားကျေးရွာအတွင်းရှိ ဝင်းဝစခန်းသို့ စစ်ကူလာသည့် ပူးပေါင်းစစ်ကြောင်းက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရာဘာတောအတွင်း၌ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ပြီး ၎င်းတို့မှာ သဲမင်းကုန်းရွာနှင့် ဆီတောရွာမှ စစ်ရှောင်ပြည်သူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။

သရက်ချောင်းမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ