Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သမ္မတဟောင်း Donald Trump အမှုရင်ဆိုင်ရန် နယူးယောက်ကို ရောက်ရှိနေ

သမ္မတဟောင်း Donald Trump အမှုရင်ဆိုင်ရန် နယူးယောက်ကို ရောက်ရှိနေ

ABN-ထက်မြတ်ခင်

အမေရိကန်သမ္မတဟောင်းထရမ့်ကို ၎င်း၏ဖခင်လော်ရီဒါအိမ်ကနေ ရာဇဝတ်မှုနဲ့ အင်္ဂါနေ့ရုံးတင်ရန် ၊နယူးယောက်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

အမေရိကန်သမ္မတဟောင်းတယောက်ကို ရာဇဝတ်မှုကြောင့် တရားစွဲရုံးတင်ခြင်းသည် အခုအခါ ပထမဆုံးအမှုလည်းဖြစ်သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအနိုင်မရမီက အပြာရုပ်ရှင်မင်းသမီးတစ်ဦးကို ထရမ့်က နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်းပေးခဲ့ခြင်းနဲ့ပ ယခုအမှုက ပတ်သက်နေပြီး၊ ထရမ့်ကလည်း ယခုလို ဆက်စပ်ကြောင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

ယခုအမှုမှာ ထရမ့်က ရာဇဝတ်ကြောင်းသင့်နိုင်သည့်ဖြစ်ရပ် ၃၀ ကျော်ကို ကျူးလွန်ခဲ့သည်ဟု ၎င်းအမှုကို စုံစမ်းစစ်ဆေးခဲ့သည့် အထူးတရားသူကြီးက စွဲတင်ထားပြီး၊ ထို့အပြင် မည်သည့်အမှုနဲ့ စွဲဆိုမည်ကို တိတိကျကျမသိရဘဲ စွဲချက်ကို ချိတ်ပိတ်ထားပြီး နယူးယောက်လွှတ်တော်တရားရုံးချုပ် တရားသူကြီး Juan Merchan ရှေ့မှာ အများပြည်သူများ သိမည် ဖြစ်သည်။

တခြားသောရာဇဝတ်မှုနှင့် တရားရင်ဆိုင်ကြရသူများကဲ့သို့ ထရမ့်၏လက်ဗွေကို ယူပြီး တရားစွဲဆိုခံရသူများ၏ ပုံစံအတိုင်း ဓာတ်ပုံအရိုက်ခံရမှာ ဖြစ်ကြောင်းသိရသည်။

ရုံးတင်ရန် တရားရုံးအနီးတွင် အတားအဆီးများချထားပြီး ထရမ့်၏ မဟာမိတ်၊ အောက်လွှတ်တော်အမတ် Marjorie Taylor Greene နှင့် နယူးယောက် ရီပါဘလီကန် လူငယ်ကလပ်အဖွဲ့ဝင်များက အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် တရားရုံး လမ်းတဖက်မှ ဆန္ဒပြရန် စီစဉ်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ