Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝဂ္ဂနာ Wagner ကြေးစားတပ်ဖွဲ့ကို သမ္မတပူတင်က နိုင်ငံတော် ပုန်ကန်သူများအဖြစ် သတ်မှတ်ပြောဆို၊ ဝဂ္ဂနာခေါင်းဆောင်က ရုရှားစစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု ပြည်သူကို ကတိပြု

ဝဂ္ဂနာ Wagner ကြေးစားတပ်ဖွဲ့ကို သမ္မတပူတင်က နိုင်ငံတော် ပုန်ကန်သူများအဖြစ် သတ်မှတ်ပြောဆို၊ ဝဂ္ဂနာခေါင်းဆောင်က ရုရှားစစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု ပြည်သူကို ကတိပြု

ABN-ရာဟု

ဇွန် ၂၅ ရက်

ရုရှားနိုင်ငံရှိ ဝဂ္ဂနာ (Wagner) ကြေးစားတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ပုန်ကန်သူများအဖြစ် သမ္မတပူတင်က ယမန်နေ့ကပြုလုပ်သည့် အရေးပေါ်မိန့်ခွန်းမှာပြောကြားလိုက်ပြီး၊ စစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ရုရှားကြေးစားစစ်သားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ပြည်သူကို ကတိပြုပြောဆိုခဲ့သည်ဟု သိရသည်။

ယူကရိန်းစစ်မြေပြင်တွင် ရုရှားအတွက် တိုက်ပွဲ၀င်ပေးနေသည့် ဝဂ္ဂနာစစ်သားများကို ရုရှားက ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပရီဂိုဇင်က စွပ်စွဲပြောဆိုထားပြီး နာရီပိုင်းအကြာတွင် ရှရှားဖက်က စွပ်စွဲမှုကို ငြင်းဆိုခဲ့​ပြီး ဝဂ္ဂနာတပ်ဖွဲ့ကို လက်နက်ကိုင် ပုန်ကန်သူအဖြစ် ရုရှားဘက်က ထပ်မံစွပ်စွဲပြောဆိုလိုက်သည်ဟု သိရသည်။

ဝဂ္ဂနာကြေးစားတပ်ဖွဲ့များ ယူကရိန်းနယ်စပ်မှ ရုရှားနိုင်ငံထဲသို့ ဖြတ်ကျော်၀င်ရောက်လာပြီး တောင်ပိုင်းမြို့တော် ရော့စတော့နာဒါနျူမြို့ကို ထိန်ချုပ်ထားနိုင်ပြီး အရပ်ဖက်ယာဥ်တန်းကို ပစ်ခတ်ခဲ့သည့် ရုရှားရဟတ်ယာဥ်တစ်စီးကိုလည်း ပစ်ချထားနိုင်ခဲ့သည်ဟု ခေါင်းဆောင် ပရီဂိုဇင်က ပြောဆိုထားသည်။

ရော့စတော့မြို့ကို သိမ်းပိုက်ရရှိကြောင်း ဝဂ္ဂနာတပ်ဖွဲ့က ကြေငြာခဲ့ပြီးနောက်တွင် သမ္မတပူတင်က ” နိုင်ငံတော်ပုန်ကန်မှုဖြစ်ကာ နောက်ကျောကိုဓားနဲ့ ထိုးတာဖြစ်ပြီး ယူကရိန်စစ်ပွဲမှာ သေဆုံးသွားတဲ့စစ်သားတွေကို သစ္စာဖောက်တာဖြစ်ကာ အနာဂတ်တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့” သတိပေးပြောဆိုခဲ့ပြီး သစ္စာဖောက်သူတွေကို အရေးယူမယ်လို့လည်း ပထမဆုံးအကြိမ် အရေးပေါ်မိန့်ခွန်းမှာ ပြောကြားခဲ့သည်။

ဝဂ္ဂနာအဖွဲ့ခေါင်းဆောင်က ဒေသခံများကို နေအိမ်ထဲတွင် နေကြရန် အမိန့်ထုတ်ပြန်ထားသလို ရုရှားအစိုးရကလည်း လုံခြုံရေးတင်းကြပ်ထားပြီး အင်တာနက်ဆက်သွယ်ရေးလိုင်းများကိုလည်း ကန့်သတ်ထားကာ မော်စကိုလမ်းမများတွင် စစ်ကားများ လှည့်လည်သွားလာနေပြီး ဝဂ္ဂနာဌာနချုပ်စခန်းကို အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း ခဲ့သည်ဟု သိရသည်။

“သူ့လူတွေကို တားဆီးသူမှန်သမျှကို ခြေမှုန်းပစ်မယ်” လို့ ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်က​ပြောကြားခဲ့ပြီး သူနှင့်အတူ တပ်ဖွဲ့ဝင် ၂၅၀၀၀တို့သည် န်ိုင်ငံကိုအကျင့်ပျက် ခြစားနေသည့် ဗျူရိုကရေစီလက်အောက်က လွတ်အောင် အသက်ပေးတိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေသည်ဟု ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ