Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လျှို့ဝှက်မှတ်တမ်းများကို လွှဲပြောင်းခြင်းနှင့် မှန်မှန်ကန်ကန် ထိမ်းသိမ်းမှုမရှိခြင်း စွဲချက်များအပါအဝင် စွဲဆိုထားသည့် စွဲချက် ၃၇ချက်ကို အပြစ်မရှိဟု Trump ထွက်ဆို

လျှို့ဝှက်မှတ်တမ်းများကို လွှဲပြောင်းခြင်းနှင့် မှန်မှန်ကန်ကန် ထိမ်းသိမ်းမှုမရှိခြင်း စွဲချက်များအပါအဝင် စွဲဆိုထားသည့် စွဲချက် ၃၇ချက်ကို အပြစ်မရှိဟု Trump ထွက်ဆို

ABN-ရာဟု

ဇွန် ၁၄ရက်

အမေရိကန် သမ္မတဟောင်းထရမ့်အား ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများကို နိုင်ငံတော်မှတ်တမ်းရုံးသို့မလွှဲပဲ မှန်မှန်ကန်ကန် ထိမ်းသိမ်းမှုမရှိခြင်းစသည့် စွဲဆိုချက်များအပါအဝင် စွဲဆိုချက် ၃၇ချက်မှာ အပြစ်မရှိဟု သမ္မတဟောင်း Trump က တရားရုံးတွင် လာရောက် ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထရမ့်သမ္မတ တာဝန်ကုန်ပြီးဆုံးပြီးနောက်တွင် လျှို့ဝှက်မှတ်တမ်းများကို မလွှဲပြောင်းခြင်းနှင့်၊ မှန်မှန်ကန်ကန် ထိမ်းသိမ်းမှုမရှိခြင်းစသည့် စွဲချက်များနှင့် ပတ်သက်ဆက်စပ်ကာ သမ္မတ ထရမ့်အား စွဲဆ်ိုချက် ၃၇ ချက်ဖြင့် ဂျူရီအဖွဲ့က တရားစွဲဆို ထားသည့်အပေါ် မိုင်ယာမီမှာရှိသည့် ဖက်ဒရယ်တရားရုံးမှာ သမ္မတဟောင်း ထရမ့်က ဇွန်လ ၁၃ က်နေ့က လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

တရားရုံးကို ထွက်ဆိုရန်လာရောက်မည့်နေ့တွင် သူအား ထောက်ခံသူများ စုဝေးကြဖို့ ထရမ့်က လှုံ့ဆော်​ပြောကြားခဲ့သည့်အတွက် လူစုလူဝေးနှင့်အကြမ်းဖက်မှုများဖြစ်လာမည်ကို စိုးရိမ်ကာ တရားရုံးအနီးတဝိုက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များကို ထူထူထပ်ထပ်ချထာခဲ့ရပြီး ထရမ့်ထောက်ခံသူ ရာဂဏန်းလည်း တရားရုံးအပြင်မှာ စုဝေးရောက်ရှိခဲ့ကြသော်လည်း တရားရုံးကြားနာမှုမှာ ချောချောမွေ့မွေ့ပြီးဆုံးခဲ့သည်ဟု သိရသည်။

ဖက်ဒရယ်တရားသူကြီး Jonathan Goodman ရှေ့မှောက်တွင် စာမျက်နှာ ၄၉ မျက်နှာပါဝင်သည့် စွဲချက်များထဲမှ ၂၀၂၁ ဇန်နဝါရီ အိမ်ဖြူတော်က ထွက်ခွာသွားသည့်နောက် ထိပ်တန်းလျှို့ဝှက်မှတ်တမ်းပေါင်း ရာဂဏန်းကို Mar-a-Lago သူ့ စံအိမ်ကို ယူဆောင်သွားခဲ့သည်ဟု စွပ်စွဲထားချက်များအပါအဝင် စွဲချက်အားလုံးကို သမ္မတဟောင်း ထရမ့်က အပြစ်မရှိဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ နျူးကလီယားအစီအစဉ်များ၊ အမေရိကန်နှင့် မဟာမိတ်များ၏ အားနည်းချက်များကို ဆန်းစစ်ထားသည့်အချက်များ ပါဝင်သည်ဟု စွဲဆိုချက်များတွင် ဖော်ပြထားသလို အမေရိကန်ပြည်ထောင်စုလုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများဖြစ်လာနိုင်သည်ဟု ပြောဆိုထားသည်။

ထရမ့်မှာ အမေရိကန်သမိုင်းတွင် ရာဇဝတ်မှုများနှင့် ပထမဆုံးအကြိမ် တရားစွဲဆိုခြင်း ခံရသည့် သမ္မတစ်ဦး ဖြစ်လာဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ