Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူဦးရေအလွန်ထူထပ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မြေအောက်ရထား စတင်ပြေးဆွဲ

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည့် မြေအောက်ရထားစနစ်၏ ပထမအပိုင်း ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် အလုပ်ကို ပုံမှန်သွားလာနေရသည့် ခရီးသည်တချို့ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဟု သိရသည်။

ဒါကာမြို့ကဲ့သို့ လူဦးရေ သန်း ၂၀ကျော်နေထိုင်ကြသည့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ တွင် ယဥ်ကြောပိတ်ဆို့မှုသည် လူအများကို ဒေါသထွက်စေသည့် အရာတစ်ခုလည်းဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှစ်ခ် ဟာစီနာ မှ မီးရထားစနစ်သည် ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်ပြီး ရထားတစ်စီးတွင် ရထားတွဲတစ်တွဲတိုင်းကို အမျိုးသမီးများအတွက် သီးသန့်ဝန်ဆောင်မှုပေးမည် ဟု ဆိုသည်။

ပထမဆုံးရထားကို မောင်းနှင်မည့် သူမှာလည်း မာရီယမ် အဖီဇာ အမည်ရသည့် အမျိုးသမီးဖြစ်ပြီး ရထားမောင်းနှင်ရသဖြင့် စိတ်ကူးယဥ်အိမ်မက်များ လက်တွေ့ဖြစ်လာပြီဟု အဖီဇာမှ ဆိုသည်။

ပထမဆုံးရထားလိုင်း အမှတ်(၆) မှာ တည်ဆောက်ရန် (၆)နှစ်ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏ အဓိကဖွံဖြိုးရေးလုပ်ငန်း မိတ်ဖက်ဖြစ်သည့် ဂျပန်နိုင်ငံမှ ငွေကြေးအများအပြား ထောက်ပံ့ထားသည်။

အစပိုင်းတွင် အာတရာ မြို့မှ အာဂါဂွင် မြို့အထိ မည်သည့်ဘူတာတွင်မျှ မရပ်နားဘဲ ၁၂ ကီလိုမီတာ ခန့် ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့သွားမည်ဟု ဆိုသည်။

ရထားလိုင်းအသစ်ကို တစ်နာရီတွင် ခရီးသည်ပေါင်း ၆၀,၀၀၀ ခန့်မျှ ပို့ဆောင်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

တစ်နှစ်အတွင်း ဒါကာစီးပွားရေးကို အလုပ်ချိန်ဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၃ ဘီလီယံအထိ ရှိစေသော ယာဥ်ကြောပိတ်ဆို့မှုကို ရထားလိုင်း ၆ လိုင်း အပြင် ရထားဘူတာပေါင်း ၁၀၀ ကျော်ဖြင့် အပြီးသတ် ကူညီဖယ်ရှားနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် ဟာစီနာမှ ပြောကြားခဲ့သည်။

မိုစတာဖီဇာ ရာမန် ဆိုသူသည် အလုပ်ကိုသွားရန် နံနက်တိုင်း သုံးနာရီကြာ ဘတ်စကားစီးရင်း အချိန်ကုန်နေရပြီး ပြည်သူ့ဒုက္ခကို လျှော့ချနိုင်မည့် ရထားလိုင်းကို အားထားနေရသည် ဟု အေဖက်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အစ္စလာမ်အစွန်းရောက်များမှ ဒါကာမြို့ ကဖေးဆိုင်အတွင်း တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရထားလိုင်းတွင် အလုပ်လုပ်နေသော ဂျပန်လူမျိုး အင်ဂျင်နီယာ (၆) ဦးကို အမှတ်တရအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း မြေအောက်ရထားဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဟာစီနာမှ ပြောကြားခဲ့သည်။

BBC သတင်းပါ Antoinette Radford ၏ Bangladesh: Densely-populated Dhaka gets first metro line သတင်းကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

လူဦးရေအလွန်ထူထပ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မြေအောက်ရထား စတင်ပြေးဆွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ