Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူကာကူအား လူမျိုး​ရေးခွဲခြားခဲ့သည့် ဂျူဗီတပ်စ်ပရိသတ် ၁၇၁ ယောက် ကစားကွင်းဝင်ခွင့် အပိတ်ခံရ

လူကာကူအား လူမျိုး​ရေးခွဲခြားခဲ့သည့် ဂျူဗီတပ်စ်ပရိသတ် ၁၇၁ ယောက် ကစားကွင်းဝင်ခွင့် အပိတ်ခံရ

ABN ရှိုင်းမိုး

အင်တာမီလန်နှင့် ဂျူဗီတပ်စ်တို့ ယှဥ်ပြိုင်ခဲ့သည့် ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဥ်တွင် တိုက်စစ်မှူး လူကာကူအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုပြုလုပ်ခဲ့သည့် ဂျူဗီတပ်စ်ပရိသတ် ၁၇၁ ယောက်ကို အီတလီဘောလုံးအဖွဲချုပ်(FIGC)က ကစားကွင်းဝင်ခွင့်ပိတ်ပင်လိုက်ကြောင်းသိရသည်။

လူကာကူသည် အဆိုပါပွဲစဥ်၌ ၅၉ မိနစ်တွင် ပင်နယ်တီမှဂိုးသွင်းယူခဲ့ရာ ဂျူဗီတပ်စ်ပရိသတ်များ၏ ရှေ့မှောက်တွင်ရန်စ၍ အောင်ပွဲခံခဲ့သည့်အတွက် ဂျူဗီတပ်စ်ပရိသတ်များမှ “မျောက်” ဟု သံပြိုင်အော်ကာ လူမျိုးရေးခွဲခြားဆက် ဆံခဲ့ကြသည်။

ထိုဆက်ဆံမှုအပေါ် ရုပ်သံပြကွက်များမှတဆင့် စစ်​ဆေးခဲ့ပြီးနောက် ဂျူဗီတပ်စ်ပရိသတ် ၁၇၁ ယောက်ကို အရေးယူခဲ့ခြင်းဖြစ်ပြီး၊ လူကာကူကိုလည်း ၂ ဝါ ၊ ၁ နီဖြင့် ထုတ်ပယ်ခဲ့ကြောင်းသိရသည်။

လူကာကူထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ အင်တာမီလန်အသင်းက အယူခံဝင်ရာ အီတလီ အားကစားခုံရုံးမှ ၎င်းတားမြစ်ချက်အား ပယ်ချသည့်အပြင် FIGC ဥက္ကဋ္ဌ ဂရာဗီနာကပါ စီရင်ချက်ကို ပယ်ချခဲ့သည်။

ထို့ကြောင့် ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ခဲ့သည့် လူကာကူသည် ဧပြီ ၂၆ ရက်နေ့က ဂျူဗီတပ်စ်အသင်းနှင့် ကစားမည့် ကိုပါအီတလီအကြို ဗိုလ် လုပွဲ ဒုတိယအကျော့တွင် ပါဝင်လာမည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ