Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိမ်ဖျော်ဖြေရေးလုပ်သားဆိုင်ရာဥပဒေမူကြမ်း အတည်ပြုရေး ထိုင်းပြင်ဆင်

လိမ်ဖျော်ဖြေရေးလုပ်သားဆိုင်ရာဥပဒေမူကြမ်း အတည်ပြုရေး ထိုင်းပြင်ဆင်

ABN-ရှိုင်းမိုး

လိင်ဖျော်ဖြေရေးအလုပ်သမားများကို အကာအကွယ်ပေးမယ့် ဥပဒေမူကြမ်းကို လိင်ဖျော်ဖြေရေးအလုပ်သမားများအား အမြတ်ထုတ်ခြင်းမှ ကာကွယ်တားဆီးဖို့ ကြိုးပမ်းမှုမှာ တရားဝင်ဖြစ်မြောက်အောင် ရေးဆွဲနေကြောင်း သိရသည်။

လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန (MSDHS) က ရေးဆွဲထားသော အဆိုပါ ဥပဒေမူကြမ်းသည် လိင်ဖျော်ဖြေရေးလုပ်ငန်းကို တရားဝင်ဖြစ်စေရန်နှင့် ဝန်ဆောင်မှုပေးရန် သို့မဟုတ် ဝယ်ယူရန် အနည်းဆုံးအသက်အရွယ်ကို ကန့်သတ်မည်ဖြစ်ကြောင်း Thammasatတက္ကသိုလ် ဥပဒေဌာနမှ Narong Jaihan က သောကြာနေ့တွင်ပြောကြားခဲ့သည်။

အသက် 20 နှစ်အောက် လိင်ဖျော်ဖြေရေးအလုပ်သမားများသည် အပြစ်ရှိမည်မဟုတ်သော်လည်း အသက်မပြည့်သေးသည့် လိမ်ဖျော်ဖြေရေးလုပ်သားများအားအလုပ်ခန့်ထားသည့် လုပ်ငန်းရှင်နှင့် ၎င်းတို့၏မိဘများကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း Mr Narong က ပြောသည်။

အနည်းဆုံးအခကြေးငွေ ပေးရမည့် ဥပဒေကိုအသုံးမပြုသည့် သင့်လျော်သည့်နှုန်းထားဖြင့် ဝန်ဆောင်မှုများကို ပေးဆောင်ရမည့်ဟုဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားပြီး လိင်ဖျော်ဖြေရေးလုပ်သားများသည် ၎င်းတို့၏ ကျန်းမာရေးနှင့် လုံခြုံမှုရှိစေရန် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။

ဤဥပဒေမူကြမ်းအရ ဘန်ကောက်ရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် ထိုသို့သောလုပ်ငန်းများလုပ်ကိုင်ရန်အတွက် မြို့တော်ရဲဗျူရိုနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများထံ မှတ်ပုံတင်ရန် လိုအပ်သည်။ ၎င်းတို့ရရှိသော လိုင်စင်သည် သုံးနှစ်တာ သက်တမ်းရှိမည်ဖြစ်သည်။

“လိင်ဖျော်ဖြေရေးလုပ်သားများအား ၎င်းတို့ရဲ့ဆန္ဒမပါဘဲ ဝန်ဆောင်မှုပေးရန် အတင်းအကြပ် ခိုင်းစေပါက ဒါဟာ လူကုန်ကူးမှုဟု သတ်မှတ်မည်” ဟု Mr Narongက ဆိုသည်။

လိင်ဖျော်ဖြေရေးအလုပ်သမားများကို တရားဝင်ခွင့်ပြုခြင်းအပြင် လိင်အလုပ်သမားများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အကြမ်းဖက်မှုများကို တားဆီးရန်အတွက်အကာအကွယ်စင်တာတစ်ခု ထူထောင်သွားမည်ဖြစ်သည်။

“ဒီဥပဒေမူကြမ်းက လိင်ဖျော်ဖြေရေးလုပ်သားတွေကိုခေါင်းပုံဖြတ်ခံရတာကို တားဆီးနိုင်ပြီး သူတို့ကို အကာအကွယ်ပေးမှာ သေချာပါတယ်” ဟု Mr Narongက ပြောသည်။

MSDHS သည် မေလအတွင်း အထွေထွေရွေးကောက်ပွဲပြီးနောက် အတည်ပြုချက်ရယူရန်အတွက် အစိုးရသစ်ထံ အဆိုပြုတင်ပြမည်ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းသည် ၁၉၉၆ ခုနှစ် ပြည့်တန်ဆာ တားဆီးနှိမ်နှင်းရေး အက်ဥပဒေအား ဖျက်သိမ်းရန် ဦးတည်သွားမည်ဟုသိရသည်။

Source-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ