Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လန်ဒန်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ တစ်ဦး မုဒိမ်းမှု ၂၄ ကြိမ်မြောက်တွင် အပြစ်ရှိကြောင်းဝန်ခံ

ABN- ရှိုင်းမိုး

လန်ဒန်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးသည် မုဒိမ်းမှု ၂၄ကြိမ် အပါဝင် အမျိုးသမီးများကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဝန်ခံပြီး ထိုရဲအရာရှိသည် ဗြိတိန်တွင် ၁၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဆိုးရွားဆုံး လိပ်ပိုင်းဆိုင်ရာ ကျူးလွန်သူများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

လန်ဒန်မြို့က ရဲတပ်ဖွဲ့သည် တနင်္လာနေ့က တောင်းပန်ခဲ့ပြီး အသက် ၄၈နှစ် အရွယ် ဒေးဗစ်ကာရစ်သည် ၂၀၀၃ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်း မုဒိမ်းမှု ၂၄ မှုအပါဝင် စုစုပေါင်း တရားစွဲဆိုခံရသူ ၁၂ ဦးနှင့် ပတ်သက်သည့် စုစုပေါင်း စွဲချက် ၄၉ မှုတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း သူ၏အရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထိုရဲအရာရှိအား “ အထူးအစီအမံများ” ဖြင့်ထားရှိပြီး လန်ဒန်မြို့တော်၏ ရဲတပ်ဖွဲ့က ကာရစ်သည် ရဲအရာရှိတစ်ဦးအနေဖြင့် အာဏာကို အလွဲသုံးစားလုပ်ပြီး ယုတ်ညံ့သော ရာဇဝတ်မှုများကျူးလွန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာဏာအလွဲသုံးစားလုပ်နေတာကို ဖော်ထုတ်ဖို့ အချိန်ကြည့်ကြာခဲ့ရပါတယ်” ဟု Met လက်ထောက်ကော်မရှင်နာ Barbara Gray က Sky News သို့ ပြောကြားခဲ့သည်။ “သူဟာ ရဲအရာရှိအဖြစ် အချိန်အကြာကြီး ဆက်ရှိနေခဲ့တဲ့အတွက် တကယ့်ကို စိတ်မကောင်းပါဘူး” ဟုပြောခဲ့သည်။

“အဂတိလိုက်စားတဲ့ အရာရှိတွေကို ဖော်ထုတ်ဖယ်ရှားဖို့ တစိုက်မတ်မတ် အာရုံစိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ကော်မရှင်နာ Mark Rowley သည် လန်ဒန်မြို့၏ ရဲတပ်ဖွဲအကြီးအကဲအဖြစ် ခန့်အပ်ထားပြီး အကျင့်ပျက်ခြစားမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ ဥပဒေချိုးဖောက်သည့် အရာရှိများကို ထုတ်ပယ်မည်ဟု ကတိပြုလိုက်သည်။

လန်ဒန်မြို့တော် ရဲတပ်ဖွဲ့၏ လွတ်လပ်သည့်သုံးသပ်ချက်တစ်ခုတွင် ၎င်း၏ဝန်ထမ်းများနှင့် အရာရှိရာပေါင်းများစွာ ရင်ဆိုင်ရသည့် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များကို အင်အားသုံးဖြေရှင်းပုံနှင့် ပတ်သက်၍ အရေးတကြီးပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း အောက်တိုဘာလက ပြောကြားခဲ့သည်။

Sarah Everard ကို မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် အရာရှိတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီးနောက် ပြန်လည်သုံးသပ်မှုကို ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လန်ဒန်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ တစ်ဦး မုဒိမ်းမှု ၂၄ ကြိမ်မြောက်တွင် အပြစ်ရှိကြောင်းဝန်ခံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ