Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လည်လှီးသတ်ဖြတ်ခံထားရသည့် မြန်မာရုပ်အလောင်း ၃ လောင်းကို ထိုင်းတောင်ပိုင်းမှာတွေ့ရှိ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံတောင်ပိုင်း တောတွင်းတစ်နေရာတွင် လည်လှီးသတ်ဖြတ်ခံထားရသည့် မြန်မာအမျိုးသားရုပ်အလောင်း ၃ လောင်းကို ယမန်နေ့ မတ်လ ၁၅ ရက်နေ့က တွေ့ရှိရကြောင်းသိရသည်။

အဆိုပါအလောင်းကို ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်၊၊ ဘန့်ကလန်မြို့ တောတွင်းတစ်နေရာတွင် အမှိုက်ကောက်သမား ၁ ဦးက တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

အလောင်း ၃ လောင်းမှာ အပုပ်နံ့များလည်း ထွက်နေပြီး လက်ပြန်ကြိုးတုတ်၊ လည်လှီးဒဏ်ရာများနှင့် သေဆုံးလျက်တွေ့ရှိရကြောင်းနှင့် ပြီးခဲ့သည့် ၃ ရက် အကြာက သတ်ဖြတ်ခံရပြီး လာရောက်စွန့်ပစ်သွားသည့်အလောင်များဖြစ်နိုင်ကြောင်း ထိုင်းရဲများက ယူဆသည်။

ယင်းအပြင် အလောင်း၏ အသုံးအဆောင်များနှင့် ဝတ်စားဆင်ယင်ပုံအရ ထိုင်းလူမျိုးမဟုတ်ဘဲ မြန်မာလုပ်သားများသာဖြစ်နိုင်ကြောင်း ရွေ့ပြောင်း အလုပ်သမားအခွင့်ရေးကွန်ယက်၏ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီး ကပြောကြောင်း သိရသည်။

လက်ရှိတွင် အလောင်း ၃ လောင်းအား ဟတ်ရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး စစ်ဆေးမူများပြုလုပ်နေကြောင်း နှင့် ယင်းအမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းသွားမည်ဟု ထိုင်းအာဏာပိုင်များကပြောသည်။

အလောင်းများတွေ့သည် ဘန့်ကလန်မြို့မှာ ဘန်ကောက်သွားသည့် အဝေးပြေးလမ်းမကြီးပေါ်တွင်ရှိပြီး လူကုန်ကူးသူများ အသုံးပြုသည့် လမ်းဖြစ်ကြောင်းသိရသည်။

လည်လှီးသတ်ဖြတ်ခံထားရသည့် မြန်မာရုပ်အလောင်း ၃ လောင်းကို ထိုင်းတောင်ပိုင်းမှာတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ