Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လည်ပင်းကြိုးကွင်းစွပ် ဖက်ရှင်နဲ့ Cannes ပွဲတက်လာခဲ့တဲ့ အီရန် မော်ဒယ် (ဘာသာပြန်)

လည်ပင်းကြိုးကွင်းစွပ် ဖက်ရှင်နဲ့ Cannes ပွဲတက်လာခဲ့တဲ့ အီရန် မော်ဒယ် (ဘာသာပြန်)

ABN – ကျော်ဇံ

အီရန် မော်ဒယ်တစ်ဦးဖြစ်သူ Mahlagha Jaberi သည် အီရန်နိုင်ငံတွင် လူအမြောက်အမြားကို ကွပ်မျက်ခြင်းကို သတိပြုစေမည့် ဝတ်စုံဝတ်လျှက် Cannes ရုပ်ရှင်ပွဲတော်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဒီဇိုင်နာ Jula Saber ဖန်တီးပေးထားသည့် ကြိုးကွင်းပုံစံ ကော်လာဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနက်ရောင် ဝတ်စုံရှည် နှင့် Red Carpet Show သို့ လမ်းလျှောက်ဝင်လာခဲ့သည်။

Jaberi သည် ထိုအနက်ရောင် ဝတ်စုံဝတ်ကာ ရိုက်ကူးထားသည့် “ကွပ်မျက်မှုများ ရပ်” ဆိုသည့် သတင်းစကားပါသည့် ဗီဒီယို တစ်ခုကိုလည်း သူမ၏ အင်စတာဂရမ် တွင် ဝေမျှခဲ့သည်။

နော်ဝေးနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Iran Human Rights (IHR) နှင့် France’s Together Against the Death Penalty (EFPM) တို့၏ အဆိုအရ ၂၀၂၂ ခုနှစ်၊ အီရန်နိုင်ငံတွင် သေဒဏ်ချ ကွပ်မျက်မှုမှာ ၇၅ % အထိ မြင့်တက်ခဲ့ပြီး လူပေါင်းအနည်းဆုံး ၅၈၂ ဦး သေဒဏ်ပေးခြင်းခံခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလက အသက် ၂၂ နှစ်အရွယ် Mahsa Amini သေဆုံးမှုကြောင့် တစ်နိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြကြပြီးနောက် အီရန်အစိုးရ (Tehran) တို့၏ အတိုက်အခံများကို တားဆီးခြင်း၊ ဆန့်ကျင်ဆန္ဒပြသူများကို ကြောက်လန့်အောင် လုပ်ဆောင်ရန် နည်းလမ်းကြောင့် ဤကဲသို့ တိုးမြင့်လာခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး နှစ်ဖွဲ့က ဆိုသည်။

“အီရန် အာဏာပိုင်တွေက သေဒဏ်ဟာ ဘယ်လောက်အထိ ရက်စက်သလဲလို့ ပြလိုက်ခြင်းဟာ သူတို့အာဏာကို ဆက်လက်ကိုင်ထားဖို့ လူထုဆီကို အကြောက်တရား ရိုက်သွင်းလိုက်တာပါပဲ” ဟု အစီရင်ခံစာတွင် ဆိုထားသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကပင် လူပေါင်းအနည်းဆုံး ၂၀၉ ယောက်ကွပ်မျက် ခံရပြီးပြီဟု ကုလသမဂ္ဂက အစီရင်ခံစာတွင် ဆိုထားပြီး အများစု မူးယစ်ဆေးနှင့် ဆက်စပ်သော ပြစ်မှုများ နှင့် လူနည်းစုများကို ကိုယ်စားပြုကာ အဆမတန် များပြားသည့် ဆန့်ကျင်သော ပြစ်မှုတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

အီရန် အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် သေဒဏ်ပေးခံရသည့် အရေအတွက် အတိအကျကို မသိရပေ။ သို့ရာတွင် အရေအတွက်မှာ ပိုများနိုင်သည်ဟု ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ