Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လစ်ဗျားနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၂၃၀၀ ကျော်ရှိပြီး၊ ပျောက်ဆုံးသူ ၁၀,၀၀၀ ကျော်ရှိကြောင်းသိရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၃ရက်

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဒါနာမြို့တွင်( Derna) မုန်တိုင်းတိုက်ခတ်ပြီးနောက် ဆည် ၂ ခုကျိုးပျက်ကာ ရေကြီးမှုဖြစ်ပွား၍ လူ ၂၃၀၀ ကျော်သေဆုံးပြီး၊ ၁၀,၀၀၀ ပျောက်ဆုံးနေကြောင်း အာဏာပိုင်များကထုတ်ပြန်ထားသည်။

ဒါနာမြို့တစ်ခုတည်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃,၀၆၀ အထိ မြင့်တက်လာနေပြီး လူပေါင်း ၅,၂၀၀ ပျောက်ဆုံးနေသည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရှိ ပြောခွင့်ရ အယ်လ်-ခါရက်ဇ်က ပြောကြားထားသည်။

သို့သော်လည်း လက်ရှိအချိန်ထိ သေဆုံးသူ၊ ပျောက်ဆုံးသူများ၏ စာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သေဆုံးခဲ့သောလူများ၏ အလောင် ၂၈၀၀ကို အတည်ပြုဖော်ပြနိုင်သော်လည်း နောက်ထပ်အတည်မပြုနိုင်သေးသော အလောင်း ၂၆၀ ကျန်ရှိနေသည်ဟု အာဏာပိုင်များကပြောဆိုထားသည်။

အယ်လ်-ခါရက်ဇ်က ရှာဖွေကယ်ရေးလုပ်ငန်းများကို အလေးပေးလုပ်ဆောင်နေပြီး နောက်ထပ်အလောင်းများကို မြို့တွင်းရှိ နေရာ အသီးသီးတွင် ဆက်ပြီး ရှာဖွေနေစဥ် သေဆုံးသူလူဦးရေးသည် သိသိသာသာများလာနိုင်သည်ဟု ပြောကြားထားသည်။

တချိန်တည်းတွင် နိုင်ငံတကာ ကြက်ခြေ​နီအနေနဲ့ လခြမ်းနီအသင်း ကိုယ်စားပြု လစ်ဗျားသံတမန် တမ်မာရမဒန်က ရေဘေးသင့်နေရာဒေသ အားလုံးမှာ အနည်းဆုံး လူ ၁၀,၀၀၀ ကျော် ပျောက်ဆုံးနေပြီး လူပေါင်း ၄၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားကြောင်း စက်တင်ဘာလ ၁၂ရက်နေ့က ကုသမဂ္ဂ အစည်းအဝေးမာ ပြောကြားခဲ့သည်။

လစ်ဖျားနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသကို စက်တင်ဘာလ ၁၀ရက်နေ့က တိုက်ခိုက်ခဲ့သော ဒန်နီရယ်မုန်တိုင်းကြောင့် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ပြီး နေရာအနှံ့ ရေကြီးမှုများဖြစ်ကာ အဆောက်အဦးအများအပြားလည်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လစ်ဗျားအာဏာပိုင်များက ရေကြီးမှုအပြီးတွင် နိုင်ငံတကာမှအကူအညီများပေးဖို့ တောင်းဆိုခဲ့ပြီး ဒါနာ၊ အယ်လ်-ဘေဒါနန့် ချာဟတ်မြို့ကို အရေးပေါ်ရှိနေရာတချို့ကို အကူအညီလိုအပ်သော ဒေသများအဖြစ် ကြေညာထားခဲ့ကြသည်။

Source-AFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ