
AB News – ဇန်နဝါရီ ၂၇ ၊ ၂၀၂၆
လက်ရှိ ဖြစ်ပွားနေသော သေဆုံးနိုင်ခြေမြင့်မားသည့် နီပါး(nipah) ဗိုင်းရပ်စ် ကူးစက်ရောဂါအား အထူးသတိပြုရန် အာရက္ခပြည်သူ့ကျန်းမားရေးဌာနမှ ယနေ့ ဇန်နဝါရီ ၂၇ ရက် တွင် ထုတ်ပြန်လိုက်သည်။
Nipah virus ကူးစက်ခံရပါက ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ လည်ချောင်းများ နာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် တက်ခြင်းစသည့် ရောဂါလက္ခဏာများကို ခံစားရကြောင်းသိရသည်။