Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လကမ္ဘာသို့သွားမည့် အာကာသခရီးစဥ်အတွက်အာကာသယာဥ်မှူးများကို NASA ရွေးချယ်ထုတ်ပြန်

လကမ္ဘာသို့သွားမည့် အာကာသခရီးစဥ်အတွက်အာကာသယာဥ်မှူးများကို NASA ရွေးချယ်ထုတ်ပြန်

ABN-ရာဟု

နှစ်ပေါင်း၅၀ကြာမြင့်ပြီးနောက် လကမ္ဘာသို့ လူသားတွေပြန်လည်ပို့ဆောင် ပျံသန်းမည့် အစီအစဥ်အတွက် အာကာသယာဥ်မှူး ၄ဦးကို အမေရိကန်အာကာသ အေဂျင်စီ NASAက ဧပြီ ၃ရက်နေ့မှာ ရွေးချယ်ထုတ်ပြန်လိုက်သည်။

NASAကရွေးချယ်လိုက်သည့် အာကာသယာဥ်မှူး ၄ဦးမှာ ခရစ်စ္စတီးနားကိုချ့်၊ဗစ်တာကိုဂလိုဗာ၊ရိဒ်ဝိုက်တန်းနှင့် ဂျယ်ရမိဟန်ဆန်တို့ဖြစ်ကြသည်။

ခရစ်စ္စတီးနားကိုချ့်က လကမ္ဘာခရီးစဥ်အတွက် တာဝန်ပေးခံရသည့် ပထမဆုံး အာကာသယာဥ်မှူးဖြစ်သလို ဗစ်တာကိုဂလိုဗာလည်း ပထမဦးဆုံးသော လူမည်းအာကာသယာဥ်မှူးဖြစ်လာသည်ဟု သိရသည်။

Artemis 2 ဟုအမည်ပေးထားသည့် ခရီးစဥ်ကို ၂၀၂၄ နိုဝင်ဘာလတွင် လကမ္ဘာအနီးဆုံးကို စတင်ပျံသန်းမှာဖြစ်ပြီး ၂၀၂၅ခုနှစ်အစောပိုင်းမှာ လကမ္ဘာတွင် လူဆင်းသက်စေမှာဖြစ်တယ်လို့ သိရသည်။

ခရီစဥ်မှာပါဝင်သည့် အမေရိကန်အာကာသယာဥ်မှူး၃ ဦးနှင့် ကနေဒါအာကာသယာဥ်မှူး၁ ဦးတို့မှာ ၎င်းတို့ အာကာသခရီးစဥ်အတွက် အပြင်းအထန်လေ့ကျင့်မှုများ ပြုလုပ်နေကြသည်။

လကမ္ဘာကို ၁၉၇၂ခုနှစ်က လူဆင်းသက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၅၀ကျော်ကြာပြီးနောက် ယခုလိုအစီအစဥ်မျိုး ပေါ်ထွက်လာခြင်းဖြစ်ကာ လကမ္ဘာပေါ်မှာ လူသားများအချိန်အကြာဆုံး နေထိုင်မှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု NASAက မျှော်မှန်းထားသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ