Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှီကျင်းဖျင် ရုရှားသမ္မတပူတင်နဲ့တွေ့ရန်သွားရောက်

ရှီကျင်းဖျင် ရုရှားသမ္မတပူတင်နဲ့တွေ့ရန်သွားရောက်

ABN-ကျော်ဇံ

တရုတ်သမ္မတ ရှီကျင်းဖျင်သည် မော်စကိုမြို့သို့ သုံးရက်ကြာ ခရီးသွားရောက်နေပြီး ခရီးစဥ်အတွင်း ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံမည်ဖြစ်သည်။

ရှီကျင်းပင်၏ ခရီးစဥ်သည် ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်မှစ၍ ပထမဆုံး ရုရှားကို သွားရောက်သည့် ခရီးစဥ်ဖြစ်ပြီး ပူတင်ကို ထောက်ခံကြောင်း ပြရန်ဟု ဆိုသည်။

အင်အားကြီး နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးအနက်တည်ဆောက်နေပုံပေါ် ပြီး အနောက်နိုင်ငံ အစိုးရများအနေဖြင့် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုကို စောင့်ကြည့်နေကြသည်။

ခရီးစဥ်အတွင်း ယူကရိန်း အရေးကို အဓိကအချက်တစ်ခုအဖြစ် ဆွေးနွေးသွားမည်ဟု ယူဆရသည်။

ရုရှားသမ္မတကို နိုင်ငံတကာ ရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြီး ရက်အနည်းအကြာတွင် ခရီးစဥ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မကြာသေးမီရက်ပိုင်းအတွင်းက ရုရှားသမ္မတသည် ၄င်းတို့သိမ်းပိုက်ထားသည့် ယူကရိန်းမြို့တစ်မြို့ဖြစ်သည့် Mariupol ကို ရုတ်တရက်သွားရောက်ခဲ့သည်။

လွန်ခဲ့သည် မေလကပင် ယူကရိန်းမြို့ Mariupol မှာ ရုရှားတို့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး အကြမ်းတမ်းဆုံးသော လက်နက်ကြီးရန်၊ လေကြောင်းရန်တို့ကို တွေ့ကြုံခဲ့သည့် မြို့လည်းဖြစ်သည်။

ယူကရိန်း အစိုးရအရာရှိများနှင့် နိုင်ငံသူနိုင်ငံသားများက ပူတင်၏ ခရီးစဥ်ကို အလွန်ပရိယာယ်မာယာများသည့် လုပ်ရပ်ဟု ဝေဖန်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ