Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် ၃ဖွဲ့ ဝင်သိမ်းနေပြီဟု သိရ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် ၃ဖွဲ့ ဝင်သိမ်းနေပြီဟု သိရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၉ ရက်

၁၀၂၇ စစ်ဆင်ရေးကို ပူပေါင်းတိုက်ပွဲဝင်နေသည့် ကိုးကန့်တပ် MNDAA၊ တအာန်းတပ် TNLA အပါအဝင် ရက္ခိုင့်တပ်တော် AA တို့ ယနေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ဝင်သိမ်းနေပြီဟု သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ယနေ့မနက် ၇ နာရီကျော်က စစ်ကောင်စီစိုးမိုးထားသည့် တပ်စခန်းများကို ဝင်သိမ်းခဲ့ကြောင်းသိရသည်။

မြို့ကိုထိန်းချုပ်ဆဲဖြစ်သော်လည်း စစ်ကောင်စီမှ ဒရုန်းများ၊ ဂျက်တိုက်လေယာဥ်များနှင့် လက်နက်ကြီးလက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်က အတည်ပြုထားသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ မြို့အလယ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး မြို့ပြင်သို့လည်းမထွက်ဝံ့ဘဲ​ရှိနေသည်။

Operation ၁၀၂၇ စစ်ဆင်​ရေးကို ကိုးကန့် MNDAA၊ တအောင်း TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းများကို အမြစ်ပြတ်ချေမှုန်းကာ စခန်းကြီး၊ စခန်းငယ် ၄၀ ကျော်အပါအဝင် သံချပ်ကာ ကား ၂ စီးတို့ကို ၄၈ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကအောက်တ်ိုဘာလ ၂၈ ရက် ၁၀ နာရီ ၃၀ မိနစ်ကအတည်ပြုထုတ်ပြန်ထားသည်။

စစ်ကောင်စီဖက်မှ သေဆုံးမှုများပြားလာသည့်အတွက် ၎င်းတို့လုပ်နည်းထုံးစံအတိုင်း ယမန်နေ့ နေ့လယ် (၁) နာရီ ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နမ္မတူမြို့နယ်၊ ရွာသစ်ပါင်ဆာကျေးရွာ အတွင်းသို့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ (၃) ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဤကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသစ်ပါင်ဆာကျေးရွာမှ အမျိုးသား ( ၂) ဦး၊ အမျိုးသမီး (၁) ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၅ )လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ