Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားသံအမတ် ၄ ဦးကို သြစတြေးလျနိုင်ငံမှ နှင်ထုတ်

ABN-ရှိုင်းမိုး

ရုရှားသံအမတ် ၄ ဦးကို သံတမန်နဲ့ မကိုက်ညီသည့်လုပ်ရပ်များကို ပြုလုပ်သည်ဟုဆိုကာ ဩစတြေးလျနိုင်ငံမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ထွက်သွားရန် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် မော်စကိုမြို့က ကုလသမဂ္ဂအေဂျင်စီဆိုင်ရာ လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် ရုရှားသံအမတ် ၂ ယောက်သည် ကုလသမဂ္ဂနဲ့ ဩစတြေးလျ နိုင်ငံအကြား သဘောတူညီချက်များနဲ့မကိုက်ညီသည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုထားသည်။

ဗီယက်နာအခြေစိုက် နောက်ထပ်ရုရှားသံအမတ် ၂ ယောက်သည်လည်း သံတမန်အဆင့်အတန်းနဲ့မကိုက်ညီသည့် အပြုအမှုတစ်ရပ်ကိုလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားသံအမတ်များအနေနှင့်မည်သည့်ချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။

ထိုသံတမန်များအား နှင်ထုတ်ခြင်းနှင့်ပတ်သက်၍ အခြေမြစ်မရှိသည့်စွပ်စွဲချက်များကိုပယ်ချပြီး လက်တုံ့ ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထားသည်။

၂၀၂၂ ခုနှစ်မှစ၍ ဩစတြေးလျနိုင်ငံက နှင်ထုတ်ခဲ့သည့် ရုရှားသံတမန် အရေအတွက်မှာ ၉ ဦးရှိခဲ့ပြီး၊ ယခုနှင်ထုတ်ခံရသည့်သံသမန် ၂ဦးမှာ ယခင်က နှင်ထုတ်ခံခဲ့ရသူများထက် ရာထူးပိုမြင့်သည်ဟုသိရသည်။

ရုရှားသံအမတ် ၄ ဦးကို သြစတြေးလျနိုင်ငံမှ နှင်ထုတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ