Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားသမ္မတ ဗလာဒီမာပူတင်နေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ခံရဟု ရုရှားထုတ်ပြန်

ရုရှားသမ္မတ ဗလာဒီမာပူတင်နေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ခံရဟု ရုရှားထုတ်ပြန်

ABN-နွယ်စိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်ကို ယူကရိန်းက ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် အဝေးထိန်းဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဒရုန်းများကို ရုရှားလုံခြုံ‌ရေးတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိပြီး ဒရုန်းဖြင့် တိုက်ခိုက်ချိန်တွင် သမ္မတ ပူတင် ကရင်မလင်အိမ်တော်၌မရှိခဲ့ဟု ပြောရေးဆိုခွင့်ရှိသူ Dmitry Peskovက ပြောကြားထားသည်။

အဆိုပါတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ယူကရိန်းအစိုးက ထိုတိုက်ခိုက်မှု၌ ယူကရိန်းအနေဖြင့် လုံးဝပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

၄င်းအပြင် ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဒရုန်းများကို လုံခြုံးရေးတပ်ဖွဲ့များက တားဆီးနိုင်ခဲ့ပြီး ဒရုန်းအပျက်အစီးတစ်ချို့ မြေပြင်သို့ ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဟု ပြောထားသည်။

ယခုလိုတိုက်ခိုက်ခြင်းသည် ရုရှားသမ္မတကို အစီအစဥ်ရှိရှိ တိုက်ခိုက်သည့်အကြမ်းဖက်မှုဖြစ်ပြီး ထိုဒီကစ္စနှင့်ပတ်သက်ပြီး လက်တုံ့ပြန်သွားမည်ဟုလည်း ရုရှား အစိုးရက ပြောထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေဖြင့် ရုရှားအစိုးရ၏ ပြောဆိုချက်ကို အတည်မပြနိုင်သေးဟု ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ