Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားသမ္မတ ပူတင်ကို ICC က ဖမ်းဝရမ်းထုတ်

ရုရှားသမ္မတ ပူတင်ကို ICC က ဖမ်းဝရမ်းထုတ်

ABN-ရှိုင်းမိုး

ယူကရိန်းနိုင်ငံကို တစ်နှစ်ကျော်ကြာ ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားနေသည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို နိုင်ငံတကာ ရာဇဝတ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ယူကရိန်းက ကလေးငယ်များကို တရားဥပဒေမဲ့ ရွှေ့ပြောင်း ပို့ဆောင်ခြင်း၊ လူအများအပြားကို ယူကရိန်းပိုက်နက်မှ ရုရှားသို့ ရွှေ့ပြောင်းခြင်းများသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုကာ ဖမ်း၀ရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ စ၍ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို ရာဇဝတ်မှုကျူးလွန်သည်ဟု ဆိုသည်။ ထိုရာဇဝတ်မှုကျူးလွန်ခြင်းမှာ မဟုတ်မှန်ကြောင်း ရရှားအစိုးရကငြင်းဆိုသည်။

ယူကရိန်းနိုင်ငံမှ ကလေးများကို နေရာရွှေ့ပြောင်းရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်ကြောင်း ခိုင်မာသည့် အချက်အလက်များရရှိထားပြီး တခြားသူများနဲ့ပူးပေါင်းပြီး လုပ်သည့် သက်သေအခိုင်အမာရှိသောကြောင့် ICC က ပူတင်ကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေကို နေရာရွှေ့ပြောင်းပစ်တာကို တားဆီးနိုင်တဲ့ အာဏာရှိလျက်သားနဲ့ တားဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက” ပြောသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရုရှား ကော်မရှင်နာ မာရီယာ အလက်ဆီယဲဗနာ လဗိုဗာဘယ်လိုဗာ ကိုလည်း ICCက ဖမ်းဝရမ်းထုတ်ထားသည်ဟုသိရသည်။

“မစ္စတာ ပူတင်နဲ့ မစ္စ လဗိုဗာတို့ကို ဖမ်းဝရမ်း ထုတ်ထားတာတယ်၊ ဒါပေမယ့် စွပ်စွဲထားသူတွေကို ဖမ်းဆီးနိုင်တဲ့ အာဏာ ICCမှာ မရှိသေးပါဘူး၊ တရားရုံးနဲ့ သဘောတူညီချက်လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေနဲ့သာ ဒီတရားစီရင်မှုကို ကျင့်သုံးနိုင်မှာပါဖြစ်ကြောင်း” ပြောသည်။

ရုရှားသည် ဤသဘောတူစာချုပ် လက်မှတ်ထိုးမထားတဲ့အတွက် မစ္စတာပူတင်ကို ဖမ်းဆီး လွှဲပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ